ထိုသူတို့သည်သောက်၍ မိမိဒုက္ခဆင်းရဲကို မအောက်မေ့ဘဲ မေ့လျော့ပါစေ။
ခံပြီးသောဒုက္ခဆင်းရဲကို မေ့လျော့လိမ့်မည်။ လွန်သွားပြီးသော ရေကိုကဲ့သို့ အောက်မေ့လိမ့်မည်။
စပျစ်ရည်သည်လည်း လူတို့ကို ရွှင်လန်းစေ၏။ ဆီအားဖြင့်လည်း သူတို့မျက်နှာကို ပြောင်စေတော်မူ၏။ မုန့်သည်လည်း၊ သူတို့နှလုံးကိုထောက်မ၏။
ဆုံးလုသောသူအား သေရည်သေရက်ကိုလည်းကောင်း၊ စိတ်ညစ်သောသူအား စပျစ်ရည်ကိုလည်းကောင်း ပေးလော့။
ကိုးကွယ်ရာမရှိသော သူအပေါင်းတို့၏အမှုကို စောင့်ခြင်းငှာ၊ စကားအသောသူတို့ဘက်မှာ နေ၍ပြောလော့။
လွန်ကျူးစေတတ်သော စပျစ်ရည်နှင့် ယစ်မူးခြင်းကိုရှောင်၍ ဝိညာဉ်တော်နှင့် ပြည့်စုံလျက်ရှိကြလော့။-