Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 31:30

Judson Bible

ယဉ်​ကျေး​သော​အ​ရာ​သည် လှည့်​စား​ခြင်း​နှင့် ယှဉ်​တတ်၏။ လှ​သော​အ​ဆင်း​သည်​လည်း အ​ချည်း​နှီး​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​မိန်း​မ​မူ​ကား၊ ချီး​မွမ်း​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး တစ်​မျိုး​လုံး​တွင် အ​ဗ​ရှ​လုံ​ကဲ့​သို့ အ​ဆင်း​လှ၍ ချီး​မွမ်း​ရ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ ခြေ​ဖ​ဝါး​မှ​သည် ဦး​ထိပ်​တိုင်​အောင် အ​ပြစ်​တစ်​ခု​မျှ​မ​ရှိ။

ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့၍၊ ပ​ညတ်​တော်​တို့၌ အ​လွန်​မွေ့​လျော်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။

ကြောက်​ရွံ့​သော​သူ​နှင့် က​ရု​ဏာ​တော်​ကို​မျှော်​လင့်​သော​သူ​တို့​ကို ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​သည် ပ​ညာ၏​အ​ချုပ်​အ​ခြာ​ဖြစ်၏။ လူ​မိုက်​တို့​သည် ပ​ညာ​နှင့် ဥ​ပ​ဒေ​သ​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်​ကြ၏။

နှစ်​သက်​ဖွယ်​သော မိန်း​မ​သည် ဂုဏ်​အ​သ​ရေ​ကို​လည်း​ကောင်း၊ ခွန်​အား​ကြီး​သော ယောက်ျား​သည် စည်း​စိမ်​ကို​လည်း​ကောင်း​ရ​တတ်၏။

သ​မ္မာ​သ​တိ​မ​ရှိ၊ အ​ဆင်း​လှ​သော​မိန်း​မ​သည် ဝက်​မ​နှာ​ခေါင်း​ဖျား၌​တပ်​သော ရွှေ​တန်​ဆာ​နှင့်​တူ၏။

စိတ်​နှိမ့်​ချ​ခြင်း၊ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း​ကျေး​ဇူး​ကြောင့် စည်း​စိမ်၊ ဂုဏ်​အ​သ​ရေ၊ အ​သက်​ကို ရ​တတ်၏။

လူ​မျိုး​သ​မီး​အ​များ​တို့​သည် ကောင်း​မွန်​စွာ ပြု​ကြ​ပြီ။ သို့​ရာ​တွင်၊ သင်​သည် ထို​သူ​အ​ပေါင်း​တို့​ကို လွန်​ကဲ​ပြီ​ဟု သူ့​ကို ချီး​မွမ်း​တတ်၏။

ထို​သို့​သော မိန်း​မ​ကျင့်​ရာ​အ​ကျိုး​ကို ပေး​လော့။ သူ​ပြု​သော​အ​မှု​သည် မြို့​တံ​ခါး​တို့၌ သူ၏​အ​သ​ရေ​ကို ထင်​ရှား​စေ​သ​တည်း။ ရှော​လ​မုန်​မင်း​ကြီး​စီ​ရင်​ရေး​ထား​သော သု​တ္တံ​ကျမ်း​ပြီး၏။

ထို​သို့​သော​မိန်း​မ​သည် အ​ဆင်း​လှ​သော်​လည်း၊ တပ်​မက်​သော​စိတ်​မ​ရှိ​နှင့်။ သူ​သည် မျက်​ခမ်း​တို့​ဖြင့် သင့်​ကို မ​ကျော့​မိ​စေ​နှင့်။

ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​ကား၊ ဒု​စ​ရိုက်​ကို မုန်း​သော​သ​ဘော​တည်း။ မာ​န​ထောင်​လွှား​ခြင်း၊ စော်​ကား​ခြင်း၊ မ​ကောင်း​သော​လမ်း​သို့​လိုက်​ခြင်း၊ ကောက်​သော​စ​ကား​ဖြင့် ပြော​ဆို​ခြင်း​တို့​ကို ငါ​မုန်း၏။

အ​ချုပ်​အ​ခြာ​စ​ကား​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့၍၊ ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​လော့။ ဤ​ရွေ့​ကား၊ လူ​နှင့်​ဆိုင်​သော အ​မှု​အ​ရာ​အ​လုံး​အ​စုံ​တို့​ကို ချုပ်​ခြာ​သ​တည်း။

ဤ​စ​ကား​ကို စွဲ​လန်း​ကောင်း၏။ လက်​မ​လွှတ်​နှင့်။ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ​သည် ခပ်​သိမ်း​သော​အ​မှု​ထဲ​က ထွက်​မြောက်​လိမ့်​မည်။

သို့​ရာ​တွင်၊ သင်​သည် ကိုယ်​လှ​သော​အ​ဆင်း​ကို​ကိုး​စား၍၊ ဂုဏ်​အ​သ​ရေ ကျော်​စော​သော​ကြောင့်၊ ပြည့်​တန်​ဆာ​လုပ်၍၊ ခ​ရီး​သွား​သော​သူ အ​ပေါင်း​တို့​နှင့် မ​တ​ရား​သော​မေ​ထုန်​ကို အ​နှံ့​အ​ပြား​ပြု​သ​ဖြင့်၊ ယောက်ျား​တိုင်း အ​ခွင့်​ရ၏။

ထို​သူ​နှစ်​ယောက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တ​ရား​တော် အ​မျိုး​မျိုး​တို့​ကို ကျင့်​ဆောင်၍ အ​ပြစ်​တင်​ခွင့်​နှင့်​လွတ်​သ​ဖြင့်၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ ရှိ​ကြ၏။-

အ​တွင်း​အား​ဖြင့် ယု​ဒ​လူ​ဖြစ်​သော​သူ​သည် ယု​ဒ​လူ​မှန်၏။ အ​ရေ​ဖျား​လှီး​ခြင်း​လည်း ကျမ်း​ဟောင်း​တ​ရား​အား​ဖြင့် မ​ဟုတ်​ဘဲ၊ ဝိ​ညာဉ်​တော်​တ​ရား​အား​ဖြင့် စိတ်​နှ​လုံး​နှင့် စပ်​ဆိုင်၏။ ထို​သို့​အ​ရေး​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ၏​အ​ချီး​အ​မွမ်း​သည် လူ​အ​လို​နှင့် မ​ဆိုင်၊ ဘု​ရား​သ​ခင့်​အ​လို​တော်​နှင့် ဆိုင်​သ​တည်း။

ထို​သို့​ဖြစ်​လျှင် မှောင်​မိုက်၌ ဝှက်​ထား​သော​အ​ရာ​တို့​ကို ပွင့်​လင်း​စေ၍ စိတ်​နှ​လုံး​အ​ကြံ​အ​စည်​များ​ကို ထင်​ရှား​စေ​လ​တ္တံ့​သော သ​ခင်​ဘု​ရား ကြွ​လာ​တော်​မ​မူ​မီ တိုင်​အောင် အ​ဘယ်​အ​မှု​ကို​မျှ အ​ဆုံး​အ​ဖြတ် မ​စီ​ရင်​ကြ​နှင့်။ ကြွ​လာ​တော်​မူ​သော​အ​ခါ၊ အ​သီး​အ​သီး​တို့​သည် ဘု​ရား​သ​ခင် ချီး​မွမ်း​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​ကြ​လ​တ္တံ့။

နေ​သည် ပူ​သော​အ​ရှိန်​နှင့် ထွက်​သော​အ​ခါ၊ မြက်​ပင်​သည် သွေ့​ခြောက်​ခြင်း​သို့​ရောက်၍ အ​ပွင့်​လည်း ကြွေ​တတ်၏။ တင့်​တယ်​သော အ​သွေး​အ​ဆင်း​လည်း ပျောက်​ပျက်​တတ်၏။ ထို​နည်း​တူ၊ ငွေ​ရ​တတ်​သော​သူ​သည် မိ​မိ​အ​မှု​အ​ရာ​တို့၌ ညှိုး​နွမ်း​ပျောက်​ပျက်​ခြင်း​သို့ ရောက်​တတ်၏။

လူ​မျိုး​ရှိ​သ​မျှ​သည် မြက်​ပင်​ကဲ့​သို့​ဖြစ်၏။ လူ​မျိုး၏ ဘုန်း​ရှိ​သ​မျှ​သည်​လည်း မြက်​ပွင့်​ကဲ့​သို့​ဖြစ်၏။ မြက်​ပင်​သည် ညှိုး​နွမ်း​သွေ့​ခြောက်​တတ်၏။ အ​ပွင့်​လည်း ကြွေ​တတ်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ