မိုးမလင်းမီထလျက်၊ အိမ်သူအိမ်သားတို့အား စားစရာကိုလည်းကောင်း၊ ကျွန်မတို့အား အငန်းအတာကိုလည်းကောင်း၊ ပေးဝေတတ်၏။
ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားသည် မိမိလူမျိုးနှင့် မိမိနေတော်မူရာအရပ်ကို သနားသောကြောင့်၊ စောစောထ၍ အထပ်ထပ် စေလွှတ်သောတမန်တို့အားဖြင့် မှာလိုက်တော်မူသော်လည်း၊
ဆင်းရဲမည်ဟု စိုးရိမ်စရာရှိသည်ဖြစ်၍၊ အိပ်ခြင်းကို မတပ်မက်နှင့်။ နိုးတတ်လျှင် ဝစွာစားရ၏။
ကောင်းမွန်စွာဆင်ခြင်၍၊ လယ်ကွက်ကို ဝယ်ယူတတ်၏။ ကိုယ်တိုင်လုပ်၍ ရသောငွေနှင့် စပျစ်ဥယျာဉ်ကို ပြုစုတတ်၏။
ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအားထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား၊ သင်ယခုသွား၍ ရောက်ရလတ္တံ့သောအရပ်တည်းဟူသော မရဏနိုင်ငံ၌ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိပါတကား။
ထိုအကြောင်းအရာတို့ကို ငါပြောနှင့်ပြီ။-
နံနက်အချိန်၊ မိုးမလင်းမီ ကိုယ်တော်သည် ထပြီးလျှင် တောအရပ်သို့ထွက်ကြွ၍ ဆုတောင်းတော်မူ၏။-
သခင်ဘုရားက၊ အိမ်ရှင်သည် မိမိအိမ်သားတို့အား အချိန်တန်လျှင် အစားအသောက်တို့ကို ဝေဖန်စေခြင်းငှာ အအုပ်အချုပ်ခန့်ထား၍ သစ္စာနှင့်လည်းကောင်း၊ သတိပညာနှင့်လည်းကောင်း ပြည့်စုံသောကျွန်ကား အဘယ်သူနည်း။-
အားထုတ်ခြင်းအရာမှာ ပျင်းရိခြင်းမရှိဘဲလျက်၊ စိတ်တန်းသဖြင့် သခင်ဘုရား၏အလိုတော်သို့ လိုက်၍ အားထုတ်ကြလော့။-
ယောရှုသည် နံနက်စောစောထ၍ ဣသရေလအမျိုးသားအပေါင်းတို့နှင့်တကွ ရှိတ္တိမ်မြို့မှပြောင်း၍ ယော်ဒန်မြစ်ကိုမကူးမီ မြစ်နားတွင် စခန်းချကြ၏။