Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 31:10

Judson Bible

သီ​လ​နှင့်​ပြည့်​စုံ​သော မိန်း​မ​ကို အ​ဘယ်​သူ​တွေ့​ရ​သ​နည်း။ ထို​သို့​သော​မိန်း​မ​သည် ပ​တ္တ​မြား​ထက် အ​ဖိုး​သာ၍ ထိုက်​ပေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သ​န္တာ​နှင့်​ပု​လဲ​ကို ပြော​စ​ရာ​မ​ရှိ။ ပ​ညာ​သည် ပ​တ္တ​မြား​ထက်​သာ၍ အ​ဖိုး​ကြီး၏။

သီ​လ​ရှိ​သော​မိန်း​မ​သည် မိ​မိ​လင်၌ ဦး​ရစ်​သ​ရ​ဖူ​ဖြစ်၏။ အ​ရှက်​ခွဲ​တတ်​သော မိန်း​မ​မူ​ကား၊ လင်၏​အ​ရိုး​တို့၌ ဆွေး​မြေ့​ခြင်း​ကဲ့​သို့ ဖြစ်၏။

ပ​ညာ​ရှိ​သော​မိန်း​မ​သည် မိ​မိ​အိမ်​ကို တည်​ဆောက်​တတ်၏။ မိုက်​သော​မိန်း​မ​မူ​ကား၊ ကိုယ်​လက်​နှင့် ဖြို​ဖျက်​တတ်၏။

မ​ယား​ကို​ရ​သော​သူ​သည် ကောင်း​သော​အ​ရာ​ကို​ရ၍၊ ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကို ခံ​ရ၏။

အိမ်​နှင့်​စည်း​စိမ်​သည် မိ​ဘ​အ​မွေ​ဥ​စ္စာ ဖြစ်၏။ သ​မ္မာ​သ​တိ​ရှိ​သော မ​ယား​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​ရာ​ဖြစ်၏။

ရွှေ​ရှိ၏။ ပ​တ္တ​မြား​လည်း​ရှိ၏။ ပ​ညာ​အ​တတ်​နှင့် ပြည့်​စုံ​သော​နှုတ်​မူ​ကား၊ အ​လွန်​အ​ဖိုး​ထိုက်​သော ရ​တ​နာ​ဖြစ်၏။

ပ​ညာ​သည် ပ​တ္တ​မြား​ထက်​သာ၍ အ​ဖိုး​ထိုက်​ပေ၏။ နှစ်​သက်​ဖွယ်​သ​မျှ​သော အ​ရာ​တို့​သည် ထို​ရ​တ​နာ​ကို မ​ပြိုင်​နိုင်​ကြ။

သူ၏​ခင်​ပွန်း​သည် သူ့​ကို​ယုံ၍၊ ဆင်း​ရဲ​ခြင်း​နှင့် ကင်း​လွတ်​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ ပ​ညာ​သည် ပ​တ္တ​မြား​ထက်​သာ၍​မြတ်၏။ နှစ်​သက်​ဖွယ်​သ​မျှ​သော အ​ရာ​တို့​သည် ထို​ရ​တ​နာ​ကို မ​ပြိုင်​နိုင်​ကြ။

ယောက်ျား​တစ်​ထောင်​တို့​တွင် တစ်​ယောက်​ကို ငါ​တွေ့​ပြီ။ မိန်း​မ​တစ်​ထောင်​တို့​တွင် တစ်​ယောက်​ကို​မျှ ငါ​မ​တွေ့။

မ​စိုး​ရိမ်​နှင့် ငါ့​သ​မီး။ တောင်း​သ​မျှ​ကို ငါ​ပြု​မည်။ သင်​သည် သီ​လ​နှင့်​ပြည့်​စုံ​သော​မိန်း​မ ဖြစ်​ကြောင်း​ကို ငါ့​လူ​မျိုး​နေ​သော တစ်​မြို့​လုံး​သိ၏။

ထို​သူ၏​အ​မည်​ကား နာ​ဗ​လ၊ သူ၏​မ​ယား​အ​မည်​ကား အ​ဘိ​ဂဲ​လ​တည်း။ ထို​မိန်း​မ​သည် ဉာဏ်​ကောင်း၍ အ​ဆင်း​လည်း​လှ၏။ ယောက်ျား​မူ​ကား ခက်​ထန်​သော သ​ဘော​ရှိ၏။ ဆိုး​သော​အ​မှု​ကို​လည်း ပြု​တတ်၏။ ကာ​လက်​အ​ဆွေ​အ​မျိုး ဖြစ်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ