မင်းမရှိသော်လည်း၊ တပ်ဖွဲ့၍ အစဉ်အတိုင်းသွားတတ်သော ကျိုင်းတစ်ပါး၊
အမိန့်တော်ရှိ၍ မရေတွက်နိုင်အောင်၊ အရာဘကျိုင်းနှင့် ယာလက်ကျိုင်းတို့သည်လာ၍၊
လက်ဖြင့်ကိုင်ဆွဲ၍၊ နန်းတော်၌ပင်နေတတ်သော အိမ်မြှောင်တစ်ပါးတည်း။
ပုရွက်ဆိတ်သည် ဆရာမရှိ၊ ပဲ့ပြင်သောသူမရှိ၊ မင်းမရှိဘဲလျက်၊
ဂါဇံကျိုင်း ခြွင်းထားသောအရာကို အရာဘကျိုင်းစား၏။ အရာဘကျိုင်း ခြွင်းထားသောအရာကို ယာလက်ကျိုင်းစား၏။ ယာလက်ကျိုင်း ခြွင်းထားသောအရာကို ခါသိလကျိုင်း စား၏။
အရာဘကျိုင်း၊ ယာလက်ကျိုင်း၊ ခါသိလကျိုင်း၊ ဂါဇံကျိုင်းတည်းဟူသော ငါစေလွှတ်သော ငါ၏မဟာဗိုလ်ခြေတို့ ကိုက်စားသော နှစ်ပေါင်းကာလကို ငါပြန်ပေးမည်။