Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 30:2

Judson Bible

အ​ကယ်​စင်​စစ် ငါ​သည် လူ​မ​ဟုတ်၊ တိ​ရ​စ္ဆာန်​ဖြစ်၏။ လူ​ဉာဏ်​နှင့် မ​ပြည့်​စုံ။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ထင်​ရှား​သော​အ​ရာ​ဟူ​မူ​ကား၊ ပ​ညာ​ရှိ​သော​သူ​တို့​သည် သေ​တတ်​ကြ၏။ ထို​အ​တူ မိုက်​သော​သူ​နှင့် တိ​ရ​စ္ဆာန်​သ​ဘော​ရှိ​သော သူ​တို့​သည် ပျက်​စီး​ခြင်း​သို့​ရောက်၍၊ မိ​မိ​တို့​ဥ​စ္စာ​ကို သူ​တစ်​ပါး​တို့၌ ချန်​ထား​ကြ၏။

မိုက်​သော​သူ၊ ပ​ညာ​မဲ့​သော​သူ ဖြစ်​ပါ၏။ ရှေ့​တော်၌ တိ​ရ​စ္ဆာန်​ကဲ့​သို့ ဖြစ်​ပါ၏။

တိ​ရ​စ္ဆာန်​သ​ဘော​ရှိ​သော​သူ​မ​သိ၊ မိုက်​သော​သူ နား​မ​လည်​သော​အ​မှု​အ​ရာ​ဟူ​မူ​ကား၊

နည်း​ဥ​ပ​ဒေ​ကို ခံ​ချင်​သော​သူ​သည် ပ​ညာ​အ​တတ်​ကို​နှစ်​သက်၏။ ဆုံး​မ​ခြင်း​ကို​မုန်း​သော​သူ​မူ​ကား၊ တိ​ရ​စ္ဆာန်​သ​ဘော​ရှိ၏။

ယာ​ကေ​သား​အာ​ဂု​ရ​သည် ဣ​သေ​လ​နှင့် ဥ​က​လ​ကို ဆုံး​မ​သော​တ​ရား​စ​ကား​ဟူ​မူ​ကား၊

ငါ​သည် သွန်​သင်​ခြင်း​ကို မုန်း​လေ​ပြီ​တ​ကား။ ဆုံး​မ​ခြင်း​ကို စိတ်​နှ​လုံး​ထဲ​မှာ မ​ထီ​မဲ့​မြင်​ပြု​လေ​ပြီ​တ​ကား။

ငါ​က​လည်း၊ ငါ၌​အ​မင်္ဂ​လာ​ရှိ၏။ ငါ​အ​ကျိုး​နည်း​ပြီ။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ညစ်​ညူး​သော​နှုတ်​ခမ်း​ရှိ​လျက်၊ ညစ်​ညူး​သော​နှုတ်​ခမ်း​ရှိ​သော လူ​မျိုး​တွင်​နေ​လျက်​နှင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ရှင်​ဘု​ရင်​ကို၊ ကိုယ်​မျက်​စိ​နှင့် မြင်​လေ​ပြီ​တ​ကား​ဟု ဆို၏။

လူ​မည်​သည်​ကား၊ မိ​မိ​ဉာဏ်​အား​ဖြင့် တိ​ရ​စ္ဆာန်​ကဲ့​သို့ ဖြစ်၏။ ရုပ်​တု​ကို သွန်း​သော​သူ​တိုင်း မိ​မိ​လုပ်​သော ရုပ်​တု​အား​ဖြင့် မှောက်​မှား​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ သွန်း​သော​ရုပ်​တု​သည် မု​သား​ဖြစ်၏။ သူ၌​လည်း ထွက်​သက်​ဝင်​သက် မ​ရှိ။

ညီ​အစ်​ကို​တို့၊ သင်​တို့​သည် ဝါ​ကြွား​သော​စိတ် မ​ရှိ​စေ​မည်​အ​ကြောင်း၊ တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့​သည် မ​ဝင်​မီ​တိုင်​အောင်၊ ဣ​သ​ရေ​လ​လူ​အ​ချို့​တို့​ကို မှောင်​မိုက်​ဖုံး​လွှမ်း​ခြင်း​အ​ကြောင်း​တည်း ဟူ​သော နက်​နဲ​သော​အ​ရာ​ကို မ​သိ​ဘဲ​နေ​စေ​ခြင်း​ငှာ ငါ​အ​လို​မ​ရှိ။-

အ​ဘယ်​သူ​မျှ ကိုယ်​ကို မ​လှည့်​ဖြား​စေ​နှင့်။ သင်​တို့​တွင် အ​ကြင်​သူ​သည် ဤ​လော​က၌ ပ​ညာ​ရှိ​ဖြစ်​သည်​ဟု ကိုယ်​ကို​ထင်၏။ ထို​သူ​သည် ပ​ညာ​ရှိ​အ​ဖြစ်​သို့ ရောက်​လို​သော​ငှာ လူ​မိုက်​ဖြစ်​ပါ​စေ။-

အ​ကြင်​သူ​သည်၊ ငါ​ကား​ပ​ညာ​ရှိ​ဖြစ်​သည်​ဟူ၍ စိတ်​ထင်၏။ ထို​သူ​သည် သိ​အပ်​သည်​အ​တိုင်း အ​လျှင်း​မ​သိ​သေး။-

သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ပ​ညာ​ကို​လို​လျှင်၊ ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​ကို ပြု​တော်​မ​မူ​ဘဲ၊ ခပ်​သိမ်း​သော သူ​တို့​အား စေ​တ​နာ​စိတ်​နှင့် ပေး​သ​နား​တော်​မူ​သော ဘု​ရား​သ​ခင်​ကို တောင်း​စေ၊ တောင်း​လျှင် ရ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ