သုတ္တံကျမ်း။ 30:14Judson Bibleဆင်းရဲသောသူတို့ကို မြေကြီးပေါ်ကလည်းကောင်း၊ ငတ်မွတ်သောသူတို့ကို လူစုထဲကလည်းကောင်း၊ ကိုက်စားပယ်ရှင်းစရာဖို့ သန်လျက်နှင့်တူသော သွား၊ ဓားနှင့်တူသော အံနှင့် ပြည့်စုံသော လူတစ်မျိုးရှိ၏။ အခန်းကိုကြည့်ပါ။ |
ငါတို့သည် စပါးကို ရောင်းအံ့သောငှာ လဆန်းနေ့လွန်ပါစေ၊ ဂျုံကို ရောင်းအံ့သောငှာ ဥပုသ်နေ့ လွန်ပါစေဟုဆိုလျက်၊ ဧဖာလေးကို ငယ်စေခြင်းငှာလည်းကောင်း၊ ကျပ်လေးကို ကြီးစေခြင်းငှာလည်းကောင်း လုပ်၍၊ စဉ်းလဲသော ချိန်ခွင်ကို သုံးလျက် ဆင်းရဲသောသူကို ငွေနှင့်လည်းကောင်း၊ ငတ်မွတ်သောသူကို ခြေနင်းတစ်ရံနှင့်လည်းကောင်း ဝယ်၍၊ ညံ့သောဂျုံဆန်ကိုရောင်းလျက်၊ ငတ်မွတ်သော သူတို့ကို နှိပ်နင်း၍ ဆင်းရဲသော ပြည်သားတို့ကို ဖြတ်ခြင်းငှာ အလွန်အလိုကြီးသောသူတို့၊ ဤစကားကို နားထောင်ကြလော့။