Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 3:6

Judson Bible

သွား​လေ​ရာ​ရာ၌ ထာ​ဝ​ရ​ဘု​ရား​ကို မျက်​မှောက်​ပြု​လော့။ သို့​ပြု​လျှင်၊ သင်၏​လမ်း​ခ​ရီး​တို့​ကို ပဲ့​ပြင်​တော်​မူ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

27 ပူးပေါင်းရင်းမြစ်များ  

ငါ့​သား​ရှော​လ​မုန်၊ သင့်​အ​ဘ၏​ဘု​ရား​သ​ခင်​ကို သိ​လော့။ စုံ​လင်​သော​နှ​လုံး၊ ကြည်​ညို​သော​စိတ်​သ​ဘော​နှင့် ဝတ်​ပြု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော စိတ်​နှ​လုံး​တို့​ကို​စစ်၍ အ​ကြံ​အ​စည်​ရှိ​လေ​သ​မျှ​တို့​ကို သိ​တော်​မူ၏။ ကိုယ်​တော်​ကို​ရှာ​လျှင် အ​တွေ့​ခံ​တော်​မူ​မည်။ ကိုယ်​တော်​ကို​စွန့်​လျှင် သင့်​ကို အ​စဉ်​အ​မြဲ စွန့်​တော်​မူ​မည်။

ယေ​ရု​ရှ​လင်​မြို့၏ ဗိ​မာန်​တော်​ကို တင့်​တယ်​စေ​မည်​အ​ကြံ​ကို ရှင်​ဘု​ရင်​စိတ်​နှ​လုံး​ထဲ​သို့ သွင်း​ပေး​တော်​မူ​ထ​သော၊ ရှင်​ဘု​ရင်​ရှေ့၊ အ​တွင်း​ဝန်​များ၊ ဗိုလ်​မင်း​များ​ရှေ့​မှာ ငါ့​အား​အ​ခွင့်​ပေး​တော်​မူ​သော ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။

အို ဘု​ရား​ရှင်၊ ကိုယ်​တော်​ကျွန်​ပြု​သော ပ​တ္ထ​နာ​စ​ကား​နှင့် နာ​မ​တော်​ကို ရို​သေ​ချင်​သော ကျွန်​တော်​များ​ပြု​သော ပ​တ္ထ​နာ​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ ကိုယ်​တော်​ကျွန်​ကို ယ​နေ့ ကောင်​ချီး​ပေး​တော်​မူ​ပါ။ ဤ​လူ​ရှေ့​မှာ မျက်​နှာ​ရ​ပါ​မည်​အ​ကြောင်း ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု ဆု​တောင်း​လေ၏။ ထို​အ​ခါ ငါ​သည် ရှင်​ဘု​ရင်၏ ဖ​လား​တော်​ကိုင် ဖြစ်​သ​တည်း။

ရှင်​ဘု​ရင်​က၊ အ​ဘယ်​သို့ တောင်း​လျှောက်​ချင်​သ​နည်း​ဟု မေး​တော်​မူ၏။ ငါ​က​လည်း အ​ရှင်​မင်း​ကြီး အ​လို​တော်​ရှိ၍ ကျွန်​တော်​ကို စိတ်​နှင့်​တွေ့​တော်​မူ​လျှင်၊ ကျွန်​တော်​ဘိုး​ဘေး သင်္ချိုင်း​ရှိ​ရာ​မြို့​ကို ကျွန်​တော်​ပြု​စု​ရ​မည်​အ​ကြောင်း၊ ယု​ဒ​ပြည်​သို့ စေ​လွှတ်​တော်​မူ​ပါ​ဟု ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင်​အား ဆု​တောင်း​ပြီး​မှ လျှောက်​လေ၏။

ထို​အ​ခါ​မှူး​မတ်၊ မင်း​အ​ရာ​ရှိ၊ ဆင်း​ရဲ​သား​တို့​ကို အ​ဆွေ​အ​မျိုး​အ​လိုက် စာ​ရင်း​ယူ​ခြင်း​ငှာ စု​ဝေး​စေ​မည်​အ​ကြံ​ကို ငါ၏​ဘု​ရား​သ​ခင်​သည် ငါ့​စိတ်​နှ​လုံး​ထဲ​သို့ သွင်း​ပေး​တော်​မူ၏။

သင့်​ကို ငါ​သွန်​သင်​မည်။ သင်​သွား​ရ​မည့်​လမ်း​ကို​ပြ​ညွှန်​မည်။ သင့်​ကို ကြည့်​ရှု​ပြု​စု​မည်။ ဉာဏ်​ပ​ညာ​မဲ့​သော မြင်း​လား​ကဲ့​သို့ မ​ဖြစ်​နှင့်။

ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​သည် စုံ​လင်​သော​သူ​တို့​ကို ပဲ့​ပြင်​တတ်၏။ မ​တ​ရား​သော​သူ​မူ​ကား၊ မိ​မိ​မ​တ​ရား​သော​အ​မှု​အား​ဖြင့် ဆုံး​ရှုံး​တတ်၏။

ကိုယ်​ပြု​သော​အ​မှု​တို့​ကို ထာ​ဝ​ရ​ဘု​ရား၌​အပ်​လော့။ သို့​ပြု​လျှင် သင်၏​အ​ကြံ​အ​စည်​တို့​သည် တည်​ကြ​လိမ့်​မည်။

လူ​သည် မိ​မိ​သွား​ရာ​လမ်း​ကို စိတ်​ထဲ​မှာ ကြံ​စည်၏။ သို့​သော်​လည်း သူ၏​ခြေ​ရာ​တို့​ကို ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ၏။

အ​ပြစ်​ထင်​ရှား​သော​သူ​တို့​ကို ငြူ​စူ​သော​စိတ် မ​ရှိ​စေ​နှင့်။ တစ်​နေ့​လုံး ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော ရှိ​စေ​လော့။

ဖြောင့်​မတ်​သော​သူ​သည် ဖြောင့်​သော​လမ်း၌ သွား​တတ်၏။ အို ဖြောင့်​မတ်​တော်​မူ​သော​ဘု​ရား၊ ကိုယ်​တော်​သည် ဖြောင့်​မတ်​သော​သူ၏ လမ်း​ခ​ရီး​ကို ပြင်​ဆင်​တော်​မူ၏။

သင်​သည် လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​သို့ လမ်း​လွဲ​လျှင်၊ ဤ​မည်​သော​လမ်း​သည် မှန်၏။ ဤ​လမ်း၌​သွား​လော့​ဟု သင့်​နောက်၌ ပြော​သော​စ​ကား​သံ​ကို ကိုယ်​နား​နှင့် ကြား​ရ​လိမ့်​မည်။

ထို​သူ​ကို​လည်း တ​ရား​တော်​အ​တိုင်း ငါ​ပေါ်​ထွန်း​စေ၏။ သူ​သွား​သော​လမ်း​ကို ငါ​ဖြောင့်​စေ​မည်။ သူ​သည် ငါ၏​မြို့​ကို တည်​ဆောက်​လိမ့်​မည်။ သိမ်း​သွား​ချုပ်​ထား​ခြင်း​ကို ခံ​ရ​သော ငါ၏​လူ​တို့​ကို သူ​သည် အ​ဖိုး​မ​ခံ၊ ဆု​မ​ယူ​ဘဲ လွှတ်​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သင့်​ကို ရွေး​နုတ်​သော​သူ၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်၏​အ​ကျိုး​နှင့် ယှဉ်​သော​အ​ရာ​ကို သွန်​သင်၍၊ သင်​သွား​အပ်​သော​လမ်း​ဖြင့် ပို့​ဆောင်​သော သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ လူ​သည် မိ​မိ​သွား​ရာ​လမ်း​ကို အ​စိုး​မ​ရ။ သွား​စဉ်​အ​ခါ မိ​မိ​ခြေ​ရာ​တို့​ကို မ​စီ​ရင်​တတ်​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏။

မိုး​တိမ်​သည် တဲ​တော်​အ​ပေါ်​မှာ နေ့​ရက်​အ​နည်း​ငယ်​မျှ တည်​နေ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​အ​တိုင်း၊ သူ​တို့​သည် တဲ၌​နေ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​အ​တိုင်း​လည်း၊ ခ​ရီး​သွား​ကြ၏။

သင်​တို့​သည် စား​သော်​လည်း​ကောင်း၊ သောက်​သော်​လည်း​ကောင်း၊ မည်​သည့်​အ​မှု​ကို ပြု​သော်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ ဘုန်း​တော်​ကို ထောက်၍ ခပ်​သိမ်း​သော​အ​မှု​ကိ​စ္စ​ကို ပြု​ကြ​လော့။-

ထို​သို့​သင်​တို့၏ အ​ကျိုး​ကို​ပြု​စု​ချင်​သော စေ​တ​နာ​စိတ်​ကို ဘု​ရား​သ​ခင်​သည် တိ​တု​အား​လည်း ပေး​တော်​မူ​သော ကျေး​ဇူး​တော် ကြီး​လှ​ပေ၏။-

အ​ဘယ်​အ​မှု​ကို​မျှ စိုး​ရိမ်​ခြင်း​မ​ရှိ​ဘဲ အ​ရာ​ရာ၌ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း​နှင့်​တ​ကွ ဆု​တောင်း​ပ​တ္ထ​နာ ပြု​သော​အား​ဖြင့်၊ သင်​တို့​တောင်း​ပန်​လို​သော အ​ရာ​များ​တို့​ကို ဘု​ရား​သ​ခင်​အား ကြား​လျှောက်​ကြ​လော့။-

စ​ကား​ပြော​သော်​လည်း​ကောင်း၊ အ​မှု​ဆောင်​ရွက်​သော်​လည်း​ကောင်း၊ သ​ခင်​ယေ​ရှု၏ နာ​မ​တော်​ကို​ထောက်၍ ခပ်​သိမ်း​သော​အ​မှု​တို့​ကို ပြု​မူ​လျက်၊ ကျေး​ဇူး​တော်​ကြီး​လှ​ပါ၏​ဟု ထို​သ​ခင်​ကို အ​မှီ​ပြု၍ ခ​မည်း​တော်​ဘု​ရား​သ​ခင့်​ရှေ့၌ ဝန်​ခံ​ကြ​လော့။

လူ၏​အ​မှု​ကို​သာ ဆောင်​ရွက်​သ​ကဲ့​သို့​မ​ဟုတ်၊ သ​ခင်​ဘု​ရား၏ အ​မှု​တော်​ကို ဆောင်​ရွက်​သ​ကဲ့​သို့၊ ပြု​လေ​သ​မျှ​တို့၌ စေ​တ​နာ​စိတ်​နှင့် ပြု​ကြ​လော့။-

သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ပ​ညာ​ကို​လို​လျှင်၊ ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​ကို ပြု​တော်​မ​မူ​ဘဲ၊ ခပ်​သိမ်း​သော သူ​တို့​အား စေ​တ​နာ​စိတ်​နှင့် ပေး​သ​နား​တော်​မူ​သော ဘု​ရား​သ​ခင်​ကို တောင်း​စေ၊ တောင်း​လျှင် ရ​လိမ့်​မည်။-

ဒါ​ဝိဒ်​က​လည်း၊ အ​ကျွန်ုပ်​သည် ထို​အ​လုံး​အ​ရင်း​ကို လိုက်​ရ​ပါ​မည်​လော။ လိုက်​လျှင် မီ​နိုင်​ပါ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​ကို မေး​လျှောက်​သော်၊ လိုက်​လော့။ ဆက်​ဆက်​မီ၍ အ​လုံး​စုံ​တို့​ကို ရ​ပြန်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ