Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 3:33

Judson Bible

မ​တ​ရား​သော​သူ၏​နေ​ရာ​သည် ထာ​ဝ​ရ​ဘု​ရား​ကျိန်​တော်​မူ​ခြင်း​ကို တွေ့​တတ်၏။ တ​ရား​သော​သူ၏​နေ​ရာ​ကို​ကား ကောင်း​ချီး​ပေး​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​သည် သုံး​လ​ပတ်​လုံး ဂိ​တ္တိ​လူ​ဩ​ဗ​ဒေ​ဒုံ​အိမ်၌ ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ဩ​ဗ​ဒေ​ဒုံ​နှင့် အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ၏။

ရေ​ပေါ်​မှာ ပေါ့​ပါး​ကြ၏။ မြေ​ပေါ်​မှာ ကျိန်​ဆဲ​သော​အ​ဖို့​ကို ခံ​ရ၍၊ စ​ပျစ်​ဥ​ယျာဉ်​အ​နီး​သို့ မ​ချဉ်း​ရ​ကြ။

ထို​အ​ပြစ်​သည် အ​ကုန်​အ​စင်​လောင်​သော​မီး၊ ငါ့​စည်း​စိမ်​ရှိ​သ​မျှ​ကို သုတ်​သင်​ပယ်​ရှင်း​သော​မီး​ဖြစ်၏။

အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် မြစ်​နား​မှာ​စိုက်​လျက် မိ​မိ​အ​ချိန်​တန်​မှ အ​သီး​ကို​သီး​၍၊ အ​ရွက်​မ​ညှိုး​နွမ်း​တတ်​သော အ​ပင်​နှင့်​တူ၏။ ပြု​လေ​သ​မျှ​တို့​၌ အောင်​လိမ့်​သ​တည်း။

ကောင်း​ချီး​ပေး​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​သည် ပြည်​တော်​ကို အ​မွေ​ခံ​ရ​လိမ့်​မည်။ ကျိန်​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​မူ​ကား၊ ပယ်​ရှင်း​ခြင်း​သို့ ရောက်​ရ​လိမ့်​မည်။

သင်၌ မ​ကောင်း​သော​အ​နိဌာ​ရုံ မ​ကပ်​မ​ရောက်။ သင့်​နေ​ရာ​သို့ ဘေး​ဥ​ပဒ်​မ​ချဉ်း​ရ။

တ​ရား​သော​သူ၏​ခေါင်း​ပေါ်​မှာ မင်္ဂ​လာ​သက်​ရောက်​တတ်၏။ မ​တ​ရား​သော​သူ၏​နှုတ်​ကို​ကား ညှဉ်း​ဆဲ​ခြင်း​အ​ပြစ်​သည် ပိတ်​လိမ့်​မည်။

မ​တ​ရား​သော​သူ၏​အိမ်​သည် ပြို​လဲ​တတ်၏။ ဖြောင့်​မတ်​သော​သူ၏​တဲ​မူ​ကား၊ ပွင့်​လန်း​တတ်၏။

ဖြောင့်​မတ်​သော​သူ၏​အိမ်၌ များ​စွာ​သော စည်း​စိမ်​ရှိ၏။ မ​တ​ရား​သော​သူ​ခံ​ရ​သော​အ​ခွန်​မူ​ကား၊ များ​စွာ​သော နှောင့်​ယှက်​ခြင်း​နှင့်​ယှဉ်၏။

တ​ရား​သော​သူ​သည် မ​တ​ရား​သော​သူ၏​အိမ်​ကို ပ​ညာ​စိတ်​နှင့် ဆင်​ခြင်​တတ်၏။ မ​တ​ရား​သော​သူ​တို့​မူ​ကား၊ မိ​မိ​တို့​ပြု​သော​ဒု​စ​ရိုက်​အား​ဖြင့် ပျက်​စီး​ခြင်း​သို့ ရောက်​တတ်​ကြ၏။

ငါ၏​နာ​မ​တော်​ကို ချီး​မွမ်း​လို​သော​ငှာ သင်​တို့​သည် နား​မ​ထောင်၊ နှ​လုံး​မ​သွင်း​ဘဲ​နေ​လျှင်၊ ကျိန်​ခြင်း​ဘေး​ကို သင်​တို့​အ​ပေါ်​သို့ ငါ​လွှတ်​လိုက်​မည်။ သင်​တို့၏​မင်္ဂ​လာ​ကို အ​မင်္ဂ​လာ​ဖြစ်​စေ​မည်။ ထို​မျှ​မ​က၊ နှ​လုံး​မ​သွင်း​ဘဲ​နေ​သော​ကြောင့် ယ​ခု​ပင် အ​မင်္ဂ​လာ​ဖြစ်​စေ​ပြီ။

သင်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တော်​တို့​ကို နား​မ​ထောင်၊ ယ​နေ့ ငါ​မှာ​ထား​သော​လမ်း​မှ လွှဲ​ရှောင်၍၊ မ​သိ​ဖူး​သော အ​ခြား​တစ်​ပါး​သော​ဘု​ရား​ကို မှီ​ဝဲ​ဆည်း​ကပ်​လျှင်​မူ​ကား ကျိန်​ခြင်း​ကို​ငါ​ထား၏။

စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​အ​ရာ​ကို သင့်​အိမ်​ထဲ​သို့​မ​သွင်း​ရ။ သွင်း​လျှင်၊ သင်​သည် ထို​အ​ရာ​ကဲ့​သို့ ကျိန်​အပ်​သော​အ​ရာ​ဖြစ်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။ ထို​သို့​သော​အ​ရာ​ကို သင်​သည် အ​ကြွင်း​မဲ့​စက်​ဆုပ်​ရွံ​ရှာ​ရ​မည်။ ကျိန်​အပ်​သော​အ​ရာ​ပင် ဖြစ်​ပေ၏။

သင်​တို့​သည် ကျိန်​အပ်​သော​အ​ရာ​ကို သ​တိ​နှင့်​ရှောင်​ကြ​လော့။ သို့​မ​ဟုတ် ထို​အ​ရာ​ကို​သိမ်း​ယူ​လျှင် မိ​မိ​တို့​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​တပ်​ကို​လည်း​ကောင်း အ​ကျိန်​ခံ​စေ၍၊ နှောင့်​ယှက်​မည်​ကို စိုး​ရိမ်​စ​ရာ​ရှိ၏။

ထ၍ လူ​များ​တို့​ကို သန့်​ရှင်း​စေ​လော့။ နက်​ဖြန်​နေ့​အ​ဖို့ ကိုယ်​ကို​ကိုယ် သန့်​ရှင်း​စေ​ကြ​ဟု ဆင့်​ဆို​လော့။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အို​ဣ​သ​ရေ​လ​အ​မျိုး၊ ကျိန်​အပ်​သော​အ​ရာ​သည် သင်​တို့​အ​ထဲ၌​ရှိ၏။ ထို​အ​ရာ​ကို သင်​တို့​အ​ထဲ​က မ​ပယ်​မ​ရှင်း​မီ​တိုင်​အောင် ရန်​သူ​တို့​ရှေ့​မှာ မ​ခံ​မ​ရပ်​နိုင်​ကြ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ