Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 3:29

Judson Bible

စိုး​ရိမ်​ခြင်း​မ​ရှိ​ဘဲ သင့်​အ​နား​မှာ​နေ​သော အိမ်​နီး​ချင်း၌ မ​ကောင်း​သော​အ​ကြံ​ကို​မ​ကြံ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် အ​မှု​ငြိမ်း​စေ​သော စ​ကား​ကို မ​ပြော​ကြ​ပါ။ ငြိမ်​ဝပ်​စွာ​နေ​သော ပြည်​သား​တို့​တစ်​ဖက်၌ လျှို့​ဝှက်​သော​အ​မှု​များ​ကို ကြံ​စည်​ကြ​ပါ၏။

ထို​သို့​သော​သူ​သည် မိတ်​ဆွေ​ဖြစ်​သော​သူ​ကို​ပြစ်​မှား၍ သ​စ္စာ​ပျက်​တတ်၏။

သူ​တို့​သည် အ​ကျွန်ုပ်​အ​သက်​ကို သတ်​လို၍ ချောင်း​ကြည့်​လျက်​နေ​ကြ​ပါ၏။ အား​ကြီး​သော​သူ​တို့​သည် အ​ကျွန်ုပ်​တစ်​ဖက်၌ စည်း​ဝေး​ကြ​ပါ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​မှား​ယွင်း​သော​ကြောင့် မ​ဟုတ်​ပါ။ အ​ကျွန်ုပ်​အ​ပြစ်​ကြောင့် မ​ဟုတ်​ပါ။

မ​ကောင်း​သော​အ​ကြံ​ကို ကြံ​တတ်​သော​သူ​တို့​သည် မှား​ယွင်း​ကြ​လိမ့်​မည်။ ကျေး​ဇူး​ပြု​မည်​ဟု ကြံ​တတ်​သော​သူ​တို့​မူ​ကား၊ က​ရု​ဏာ​အ​ကျိုး​နှင့် သ​စ္စာ​အ​ကျိုး​ကို​ခံ​ရ​ကြ​လိမ့်​မည်။

ကောက်​သော​စိတ်​သ​ဘော​နှင့် ပြည့်​စုံ၍၊ မ​ကောင်း​သော​အ​ကြံ​ကို အ​စဉ် ကြံ​စည်​တတ်၏။ သူ​တစ်​ပါး​ချင်း ရန်​တွေ့​စေ​ခြင်း​ငှာ ပြု​တတ်၏။

မ​ကောင်း​သော အ​ကြံ​ကို ကြံ​စည်​သော​နှ​လုံး​တစ်​ပါး၊ အ​ပြစ်​ပြု​ရာ​သို့ အ​လျင်​အ​မြန်​ပြေး​တတ်​သော ခြေ​တစ်​ပါး၊

မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား၊ ဆင်း​ရဲ​သား​ကို မ​ညှဉ်း​ဆဲ​ကြ​နှင့်။ တစ်​ယောက်​ကို တစ်​ယောက် မ​ကောင်း​သော​အ​ကြံ​ကို မ​ကြံ​ကြ​နှင့်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော်​လည်း၊

တစ်​ယောက်​ကို​တစ်​ယောက် အ​ဘယ်​သူ​မျှ မ​ကောင်း​သော​အ​ကြံ​ကို မ​ကြံ​ကြ​နှင့်။ မ​မှန်​သော​ကျိန်​ဆို​ခြင်း​ကို မ​နှစ်​သက်​ကြ​နှင့်။ ထို​သို့​သော​အ​မှု​ရှိ​သ​မျှ​တို့​ကို ငါ​မုန်း​သည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ