ပညာရှိသောသူသည် မိုက်သောသူနှင့် အမှုတွေ့လျှင်၊ စိတ်ဆိုးသည် ဖြစ်စေ၊ ပြုံးရယ်သည် ဖြစ်စေ၊ အားရစရာအကြောင်း မရှိ။
မိုက်သောစိတ် ထဆဲရှိသောလူမိုက်နှင့် မတွေ့ပါစေနှင့်။ သားငယ်ပျောက်သောဝံမနှင့် သာ၍တွေ့ပါစေသော။
မိုက်သောသူ၏သဘောသို့လိုက်၍၊ သူ၏စကားကို မချေနှင့်။ ထိုသို့ချေလျှင် သူနှင့်တူလိမ့်မည်။
လူအသက်ကို သတ်တတ်သောသူတို့သည် စုံလင်သောသူကို မုန်းတတ်ကြ၏။ ဖြောင့်မတ်သောသူတို့မူကား၊ သူတစ်ပါးအသက်ကို စောင့်မတတ်ကြ၏။
မထီမဲ့မြင်ပြုသောသူတို့သည် မြို့ကိုမီးရှို့တတ်၏။ ပညာရှိသော သူတို့မူကား၊ ဒေါသအမျက်ကို လွှဲတတ်၏။
သူ၏စကားအစသည် မိုက်ခြင်း၊ အဆုံးသည် အပြစ်ပြုတတ်သော ရူးခြင်းဖြစ်၏။
ဖြူစင်သောအရာကို ခွေးတို့အား မပေးကြနှင့်။ ပုလဲရတနာတို့ကို ဝက်တို့ရှေ့မှာ မချမထားကြနှင့်။ သို့ပြုလျှင် ထိုအရာတို့ကို ကျော်နင်း၍ သင်တို့ကိုလှည့်လျက် ကိုက်ဖြတ်ကြလိမ့်မည်။-