ကျွန်သည်ငယ်သောအရွယ်မှစ၍ ပျော်ပါးအောင် ကျွေးမွေးခြင်းကိုခံရလျှင်၊ နောက်ဆုံး၌ သားအရာကို ရလိမ့်မည်။
တစ်ဖန်အာဗြံက အကျွန်ုပ်အားအမျိုးအနွယ်ကို ပေးတော်မမူပါ။ အကျွန်ုပ်၏ အိမ်၌ဖွားသောသူသည် အကျွန်ုပ်၏အမွေခံဖြစ်ရပါသည်တကားဟု လျှောက်ဆို၏။
ကြိမ်လုံးနှင့်ရိုက်ခြင်း၊ နှုတ်နှင့် ဆုံးမခြင်းအားဖြင့် ပညာတိုးပွားတတ်၏။ တတ်တိုင်းနေစေသော သူငယ်သည် အမိကို အရှက်ခွဲတတ်၏။
သတိမရှိဘဲ စကားများသောသူရှိလျှင်၊ ထိုသူ၌ မျှော်လင့်စရာအခွင့် ရှိသည်ထက်၊ မိုက်သောသူ၌ သာ၍ မျှော်လင့်စရာအခွင့်ရှိ၏။
စိတ်ဆိုးတတ်သောသူသည် ခိုက်ရန်မှုကို နှိုးဆော်တတ်၏။ ပြင်းထန်သောသူသည်လည်း၊ အလွန်အကျူးများတတ်၏။
လက်ထပ်သော မိန်းမဆိုးတစ်ပါး၊ သခင်မဥစ္စာကို အမွေခံရသော ကျွန်မတစ်ပါးတည်း။
ထိုအခါ ဘဏ္ဍာစိုးက၊ ငါသည် အဘယ်သို့ပြုရမည်နည်း။ ငါ၏သခင်သည် ဘဏ္ဍာစိုးအရာကို နုတ်လေပြီ။ လယ်လုပ်ခြင်းငှာ မစွမ်းနိုင်။ သူတောင်းစား လုပ်ခြင်းငှာ ရှက်ကြောက်၏။-
ထိုမြို့၌ တပ်မှူး၏ကျွန်တစ်ယောက်သည် နာ၍ သေခါနီးရှိ၏။ သူ၏သခင်သည် သူ့ကိုချစ်၍၊-
ကာမဂုဏ်စည်းစိမ်၌ပျော်မွေ့သော မုဆိုးမမူကား၊ အသက်ရှိလျက်ပင် အသေဖြစ်၏။-