Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 29:16

Judson Bible

မ​တ​ရား​သော​သူ​တို့​သည် များ​ပြား​သော​အ​ခါ၊ လွန်​ကျူး​ခြင်း​အ​ပြစ် တိုး​ပွား​တတ်၏။ သို့​ရာ​တွင်၊ သူ​တို့​ပျက်​စီး​ခြင်း​ကို ဖြောင့်​မတ်​သော​သူ​တို့​သည် မြင်​ရ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သူ၏​စိတ်​နှ​လုံး​သည် မြဲ​မြံ​သည်​ဖြစ်၍၊ ရန်​သူ​တို့၌ အား​မ​ရ​မီ​တိုင်​အောင်၊ ကြောက်​ခြင်း​နှင့် လွတ်​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်၍၊ လမ်း​တော်​ကို လျှောက်​သွား​လော့။ ပြည်​တော်​ကို အ​မွေ​ခံ​ရ​သော​အ​ခွင့်​နှင့် ချီး​မြှောက်​တော်​မူ​မည်။ မ​တ​ရား​သော​သူ​တို့ ဆုံး​ရှုံး​ခြင်း​ကို သင်​သည် ကြည့်​မြင်​ရ​လိမ့်​မည်။

နောက်​တစ်​ဖန်​သူ​သည် ရွေ့​သွား၍ ကွယ်​ပျောက်၏။ သူ့​ကို​လည်း ငါ​ရှာ၍​မ​တွေ့​ရ။

ဖြောင့်​မတ်​သော​သူ​သည် ထို​သို့​သော​ဒဏ်​ပေး​ခြင်း​ကို မြင်၍ ဝမ်း​မြောက်​ပါ​လိမ့်​မည်။ မ​တ​ရား​သော​သူ​တို့၏ အ​သွေး၌ မိ​မိ​ခြေ​တို့​ကို ဆေး​ပါ​လိမ့်​မည်။

သင်​သည် ကိုယ်​မျက်​စိ​နှင့်​ကြည့်၍၊ မ​တ​ရား​သော​သူ​တို့၌ ရောက်​ရ​သော​အ​ပြစ်​ကို မြင်​ရုံ​မျှ​သာ​ရှိ​လိမ့်​မည်။

အ​ကျွန်ုပ်၏​ရန်​သူ​တို့​ကို အ​ကျွန်ုပ်​မျက်​စိ​မြင်​လျက်၊ ရန်​ဘက်​ပြု​သော လူ​ဆိုး​တို့​အ​ကြောင်း​ကို နား​ကြား​လျက်၊ အ​ကျွန်ုပ်​သည် အား​ရ​ပါ​လိမ့်​မည်။

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​ရန်​သူ​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်၍၊ အ​ဓ​မ္မ​အ​မှု​ကို​ပြု​သော​သူ အ​ပေါင်း​တို့​သည် အ​ရပ်​ရပ်​ကွဲ​ပြား​ကြ​လိမ့်​မည်။

တ​ရား​သော​သူ​သည် မ​တ​ရား​သော​သူ၏​အိမ်​ကို ပ​ညာ​စိတ်​နှင့် ဆင်​ခြင်​တတ်၏။ မ​တ​ရား​သော​သူ​တို့​မူ​ကား၊ မိ​မိ​တို့​ပြု​သော​ဒု​စ​ရိုက်​အား​ဖြင့် ပျက်​စီး​ခြင်း​သို့ ရောက်​တတ်​ကြ၏။

ဖြောင့်​မတ်​သော​သူ​တို့​သည် အ​ခွင့်​ရ​သော​အ​ခါ၊ ပြည်​သူ​ပြည်​သား​တို့​သည် ဝမ်း​မြောက်​တတ်​ကြ၏။ မ​တ​ရား​သော​သူ​တို့​သည် အုပ်​စိုး​သော​အ​ခါ​မူ​ကား၊ ပြည်​သူ​ပြည်​သား​တို့​သည် ဝမ်း​နည်း​တတ်​ကြ၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို မ​ကြောက်​ရွံ့​ဘဲ၊ နာ​မ​တော်​ကို မ​ချီး​မွမ်း​ဘဲ အ​ဘယ်​သူ​နေ​ရ​ပါ​အံ့​နည်း။ ကိုယ်​တော် တစ်​ပါး​တည်း​သာ​လျှင် သန့်​ရှင်း​တော်​မူ၏။ တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​ခြင်း​အ​ရာ​တို့​သည် ထင်​ရှား​သည်​ဖြစ်၍၊ လူ​မျိုး​အ​ပေါင်း​တို့​သည်​လာ၍ ရှေ့​တော်၌ ကိုး​ကွယ်​ကြ​ပါ​လိမ့်​မည်​ဟု လျှောက်​ဆို​ကြ၏။

ကောင်း​ကင်​မှ​စ၍ သန့်​ရှင်း​သူ​တ​မန်​တော်၊ ပ​ရော​ဖက်​တို့၊ သူ့​ကို ကြည့်​ရှု၍ ဝမ်း​မြောက်​ကြ​လော့။ ဘု​ရား​သ​ခင်​သည် သင်​တို့​ဘက်၌​နေ၍၊ သူ့​ကို တ​ရား​စီ​ရင်တော်​မူ​ပြီ​ဟု ပြော​ဆို​သည်​ကို ငါ​ကြား၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ