Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 29:14

Judson Bible

ဆင်း​ရဲ​သား​တို့​ကို တ​ရား​သ​ဖြင့်​စီ​ရင်​သော ရှင်​ဘု​ရင်၏​အာ​ဏာ​တော်​သည် အ​စဉ်​အ​မြဲ တည်​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

က​ရု​ဏာ​တော်​သည် အ​စဉ်​အ​မြဲ​တည်​ရ​ပါ၏။ သ​စ္စာ​တော်​ကို ကောင်း​ကင်၌ ခိုင်​ခံ့​မြဲ​မြံ​စေ​တော်​မူ​သည်​ဟု အ​ကျွန်ုပ်​သ​ဘော​ကျ​ပါ၏။

ရှင်​ဘု​ရင်​ပြု​သော​ဒု​စ​ရိုက်​သည် စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်၏။ အ​ကြောင်း​မူ​ကား၊ ရာ​ဇ​ပ​လ္လင်​သည် ဖြောင့်​မတ်​ခြင်း​အား​ဖြင့်​သာ တည်​တတ်၏။

က​ရု​ဏာ​တ​ရား​နှင့် သ​စ္စာ​တ​ရား​သည် ရှင်​ဘု​ရင်​ကို​စောင့်​မ​တတ်၏။ ရာ​ဇ​ပ​လ္လင်​တော်​သည် က​ရု​ဏာ​တ​ရား​အား​ဖြင့် မြဲ​မြံ​တတ်၏။

မ​တ​ရား​သော သူ​တို့​ကို ရှင်​ဘု​ရင်​ထံ​တော်​မှ ပယ်​ရှား​လျှင်၊ အာ​ဏာ​တော်​သည် တ​ရား​အား​ဖြင့် တည်​လိမ့်​မည်။

ဉာဏ်​မ​ရှိ​သော​မင်း​သည် ပြင်း​စွာ​ညှဉ်း​ဆဲ​တတ်၏။ လော​ဘ​ကို​မုန်း​သော​မင်း​မူ​ကား၊ အ​သက်​တာ​ရှည်​လိမ့်​မည်။

တ​ရား​သ​ဖြင့် စီ​ရင်​သော​ရှင်​ဘု​ရင်​သည် တိုင်း​ပြည်​ကို တည်​စေ​တတ်၏။ တံ​စိုး​စား​သော ရှင်​ဘု​ရင်​မူ​ကား၊ တိုင်း​ပြည်​ကို မှောက်​လှန်​တတ်၏။

ကောင်း​သော​အ​ကျင့်​ကို ကျင့်​အံ့​သော​ငှာ သင်​ကြ​လော့။ တ​ရား​သ​ဖြင့် ပြု​ခြင်း​ငှာ ကြံ​ကြ​လော့။ ကောက်​သော​အ​ရာ​ကို ဖြောင့်​စေ​ကြ​လော့။ မိ​ဘ​မ​ရှိ​သော​သူ​တို့​အ​ဖို့ တ​ရား​သ​ဖြင့် စီ​ရင်​ကြ​လော့။ မု​ဆိုး​မ​တို့​၏​အ​မှု​ကို စောင့်​ကြ​လော့။

ဆင်း​ရဲ​သား​တို့၏​အ​မှု​ကို တ​ရား​တော်​အ​တိုင်း စီ​ရင်၍၊ နှိမ့်​ချ​သော မြေ​ကြီး​သား​တို့​ဘက်၌ နေ​လျက်၊ ဖြောင့်​မတ်​စွာ ဆုံး​ဖြတ်​လိမ့်​မည်။ မြေ​ကြီး​ကို​နှုတ်​က​ပတ်​တော်​လှံ​တံ​နှင့် ဒဏ်​ခတ်၍၊ ဆိုး​သော​သူ​ကို နှုတ်​ခမ်း​ထွက်​သက်​နှင့် ကွပ်​မျက်​လိမ့်​မည်။

သူ​သည် ဆင်း​ရဲ​ငတ်​မွတ်​သော သူ​တို့​အ​မှု​ကို​စောင့်၍ တ​ရား​သ​ဖြင့် စီ​ရင်၏။ ထို​သို့​ပြု၍ ကောင်း​စား​ခြင်း​ရှိ၏။ ငါ့​ကို​သိ​သော အ​ကျိုး​မ​ဟုတ်​လော။

ဝ​လျက်၊ မျက်​နှာ​ပြောင်​လျက်​ရှိ​ကြ၏။ ဆိုး​သော​သူ​တို့​ထက် သာ၍ ဆိုး​ကြ၏။ တ​ရား​သ​ဖြင့် မ​စီ​ရင်​ကြ။ မိ​ဘ​မ​ရှိ​သော သူ​ငယ်၏​အ​မှု​ကို​စောင့်၍ အ​နိုင်​မ​ပေး​ကြ။ ဆင်း​ရဲ​သော​သူ​ဘက်၌ တ​ရား​သ​ဖြင့် မ​စီ​ရင်​ကြ။

သို့​ဖြစ်၍၊ အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​စ​ကား​ကို နာ​ယူ​တော်​မူ​ပါ။ တ​ရား​သော အ​မှု​ကို​ပြု​ခြင်း၊ ဆင်း​ရဲ​သော​သူ​တို့​ကို သ​နား​ခြင်း​အား​ဖြင့် ဒု​စ​ရိုက်​အ​ပြစ်​တို့​ကို ပယ်​ဖြတ်​တော်​မူ​ပါ။ ထို​သို့​ပြု​လျှင်၊ ချမ်း​သာ​ရ​ကောင်း ရ​တော်​မူ​လိမ့်​မည်​ဟု ဒံ​ယေ​လ​လျှောက်​ထား၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ