Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 28:21

Judson Bible

လူ​မျက်​နှာ​ကို​မ​ထောက်​ကောင်း။ သို့​သော်​လည်း၊ လူ​သည် မုန့်​တ​ဖဲ့​ကို​ရ​ခြင်း​ငှာ ဒု​စ​ရိုက်​ကို ပြု​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

လူ​များ​နောက်​သို့​လိုက်​၍ မ​တ​ရား​သ​ဖြင့်​မ​ပြု​ရ။ တ​ရား​တွေ့​သည်​အ​မှု​မှာ ကြီး​သော​သူ​ဘက်၌​နေ၍၊ တ​ရား​လမ်း​မှ လွဲ​စေ​ခြင်း​ငှာ​မ​ပြော​ရ။

သင်​သည် တံ​စိုး​မ​စား​ရ။ တံ​စိုး​သည် ပ​ညာ​ရှိ​တို့၏​မျက်​စိ​ကို​ကွယ်​စေ၍၊ ဖြောင့်​မတ်​သော​သူ​တို့၏​စ​ကား​ကို လွဲ​စေ​တတ်၏။

တ​ရား​တွေ့​ရာ​အ​မှု၌ ဖြောင့်​မတ်​သော​သူ​ကို ရှုံး​စေ​ခြင်း​ငှာ၊ မ​တ​ရား​သော​သူ၏​မျက်​နှာ​ကို မ​ထောက်​ကောင်း။

ထို​မှ​တစ်​ပါး၊ ပ​ညာ​ရှိ​တို့​နှင့်​ဆိုင်​သော အ​ရာ​ဟူ​မူ​ကား၊ တ​ရား​တွေ့​မှု​စီ​ရင်​ရာ​တွင် လူ​မျက်​နှာ​ကို မ​ထောက်​ကောင်း။

မု​ယော​ဆန် တစ်​လက်​ဆွန်း​နှင့် မုန့်​တစ်​ဖဲ့​ကို​ရ​အံ့​သော​ငှာ၊ ငါ၏​လူ​တို့​တွင် ငါ့​ကို​ရှုတ်​ချ​ကြ​လိမ့်​မည်​လော။ မု​သား​စ​ကား​ကို နား​ထောင်​တတ်​သော ငါ၏​လူ​တို့​အား မု​သား​စ​ကား​ကို ပြော​သော​အား​ဖြင့်၊ မ​သေ​အပ်​သော သူ​တို့၏​အ​သက်​ကို​သတ်၍၊ မ​ရှင်​အပ်​သော​သူ​တို့​ကို အ​သက်​ချမ်း​သာ​ပေး​ကြ​လိမ့်​မည်​လော။

သူ​တို့​စား​သောက်​ပွဲ​ခံ​ချိန်​လွန်​ပြီ။ မင်း​လုပ်​သော​သူ​တို့​သည် အ​ထပ်​ထပ် မ​တ​ရား​သော​မေ​ထုန်​ကို​ပြု​ကြ​ပြီ။ ရှက်​ဖွယ်​သော​အ​မှု​ကို တပ်​မက်​ကြ​ပြီ။

ငါ၏​လူ​တို့​ကို​မှား​ယွင်း​စေ​လျက် ဝ​စွာ​စား​ရ​သော​အ​ခါ၊ ငြိမ်​ဝပ်​ခြင်း​အ​ကြောင်း​ရှိ​သည်​ဟု ကြွေး​ကြော်​လျက်၊ မ​လုပ်​ကျွေး​သော​သူ​ကို​ကား၊ စစ်​တိုက်​ခြင်း​ငှာ ပြင်​ဆင်​လျက်၊ ပ​ရော​ဖက်​ပြု​သော​သူ​တို့၊

ဒု​စ​ရိုက်​ကို ကြိုး​စား၍​ပြု​ခြင်း​ငှာ အ​သင့်​ရှိ​ကြ၏။ မင်း​သည် လက်​ဆောင်​ကို တောင်း​တတ်၏။ တ​ရား​သူ​ကြီး​သည် တံ​စိုး​ကို စား​တတ်၏။ သူ​တစ်​ပါး​ထက်​ကြီး​သော​သူ​သည် မ​တ​ရား​သော လော​ဘ​ကို ထင်​ရှား​စေ​တတ်၏။ ထို​သို့​အ​မှု​ကို ရှုပ်​စေ​ခြင်း​ငှာ ပြု​တတ်​ကြ၏။

အ​ကြောင်း​မူ​ကား ထို​သို့​သော​သူ​တို့​သည် ငါ​တို့​သ​ခင်​ခ​ရစ်​တော်၏ အ​မှု​ကို​မ​ဆောင်​ရွက်​ဘဲ​လျက်၊ မိ​မိ​တို့​ဝမ်း၏​အ​မှု​ကို​သာ ဆောင်​ရွက်၍၊ လော​က​ဝတ်​စ​ကား​နှင့် ချော့​မော့​သော​စ​ကား​အား​ဖြင့် စိတ်​ကောင်း​သော​သူ​တို့​ကို လှည့်​ဖြား​တတ်​ကြ၏။-

တ​ရား​အ​မှု​ကို​စီ​ရင်​သော​အ​ခါ အ​ဘယ်​သူ၏​မျက်​နှာ​ကို မ​ထောက်​ရ။ လူ​ငယ်​စ​ကား​ကို လူ​ကြီး​စ​ကား​ကဲ့​သို့ မှတ်​ရ​မည်။ အ​ဘယ်​လူ​ကို​မျှ မ​ကြောက်​ရ။ အ​ကြောင်း​မူ​ကား၊ တ​ရား​အ​မှု​ကို ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​သော​ကြောင့်​တည်း။ ကိုယ်​တိုင်​မ​စီ​ရင်​တတ်​သော​အ​မှု​ကို ငါ့​ထံ​မှာ​အ​ယူ​ခံ​ရ​မည်။ ငါ​လည်း​နား​ထောင်​မည်​ဟု မှာ​ခဲ့၏။

သူ​တို့​သည် လော​ဘ​လွန်​ကျူး​လျက် ချော့​မော့​သော​စ​ကား​နှင့် သင်​တို့​ကို ကုန်​သွယ်​ကြ​လိမ့်​မည်။ သူ​တို့​အ​ပြစ်​စီ​ရင်​ခြင်း​သည် ရှေး​ကာ​လ​မှ​စ၍ မ​ဖင့်​မ​နွှဲ၊ သူ​တို့​ဖျက်​ဆီး​ခြင်း​သည်​လည်း အိပ်၍​မ​ပျော်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ