ပြည်သူပြည်သား အပြစ်ကြောင့်၊ မင်းတို့သည် များပြားတတ်ကြ၏။ ဉာဏ်ပညာနှင့် ပြည့်စုံသောသူအားဖြင့် နိုင်ငံတည်တတ်၏။
ယုဒရှင်ဘုရင် အာသနန်းစံနှစ်နှစ်တွင်၊ ယေရောဗောင်သား နာဒဒ်သည် ဣသရေလနိုင်ငံ၌ မင်းပြု၍ နှစ်နှစ်စိုးစံ၏။
ယုဒရှင်ဘုရင်အာသ နန်းစံသုံးနှစ်တွင်၊ ဗာရှာသည် နာဒဒ်မင်းကိုလုပ်ကြံ၍ နန်းထိုင်လေ၏။
တရားသောသူသည် ကောင်းချီးပေးသောအားဖြင့် သူ၏နေရာမြို့သည် ချီးမြှောက်ခြင်းသို့လည်းကောင်း၊ မတရားသောသူ၏နှုတ်ဖြင့် ဖြိုဖျက်ခြင်းသို့လည်းကောင်း ရောက်တတ်၏။
ထိုမြို့၌နေသော ဆင်းရဲသားပညာရှိတစ်ယောက်သည် မိမိပညာအားဖြင့် ထိုမြို့ကိုကယ်တင်၏။ သို့သော်လည်း၊ ထိုဆင်းရဲသားကို အဘယ်သူမျှမအောက်မေ့။
သင်၏အမျိုးအနွယ်သည် ရှေးပြိုပျက်ရာတို့ကို ပြုပြင်ကြလိမ့်မည်။ ရှေးကာလ၌ တည်ဖူးသော တိုက်မြစ်များအပေါ်မှာ ထပ်ဆင့်၍ တည်ဆောက်ကြလိမ့်မည်။ သင်သည်လည်း၊ ပြိုပျက်သော မြို့ရိုးကို ပြုပြင်သောသူ၊ လူနေရာလမ်းများကို ပြင်ဆင်သောသူဟူ၍ သမုတ်ခြင်းကို ခံရလိမ့်မည်။
သို့ဖြစ်၍၊ အရှင်မင်းကြီး၊ အကျွန်ုပ်စကားကို နာယူတော်မူပါ။ တရားသော အမှုကိုပြုခြင်း၊ ဆင်းရဲသောသူတို့ကို သနားခြင်းအားဖြင့် ဒုစရိုက်အပြစ်တို့ကို ပယ်ဖြတ်တော်မူပါ။ ထိုသို့ပြုလျှင်၊ ချမ်းသာရကောင်း ရတော်မူလိမ့်မည်ဟု ဒံယေလလျှောက်ထား၏။
ရှင်ဘုရင်နှင့် မင်းများကို ပေးပါဟု သင်တောင်းသောကြောင့်၊ ငါအမျက်ထွက်၍ ရှင်ဘုရင်ကို ပေးပြီ။ တစ်ဖန်ပြင်းစွာ အမျက်ထွက်၍ ရှင်ဘုရင်ကို ပယ်ရှားပြီ။