သုတ္တံကျမ်း။ 28:10Judson Bibleဖြောင့်မတ်သောသူကို လမ်းလွှဲ၍၊ မကောင်းသောလမ်းထဲသို့ သွေးဆောင်သောသူသည် မိမိတူးသောတွင်းထဲသို့ မိမိကျလိမ့်မည်။ သဘောဖြောင့်သောသူမူကား၊ ကောင်းသောအရာတို့ကို အမွေခံရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သို့သော်လည်း ဣသရေလအမျိုးသားတို့သည် ရုပ်တုရှေ့မှာ ပူဇော်သောယဇ်ကောင်ကို စားစေခြင်းငှာ လည်းကောင်း၊ မတရားသော မေထုန်ကို ပြုစေခြင်းငှာလည်းကောင်း၊ ထိမိ၍ လဲစရာအရာကို သူတို့ရှေ့၌ ချထားမည်အကြောင်း၊ ဗာလက်မင်းကို အကြံပေးသောသူတည်းဟူသော ဗာလမ်၏အယူကို စွဲလမ်းသောသူတို့သည် သင်၏နေရာ၌ရှိကြသည်ဖြစ်၍၊ သင်၌ အနည်းငယ်သောအပြစ်တင်စရာ ရှိ၏။-
ယခုမှာ ကျွန်တော်သခင်ရှင်ဘုရင်၊ ကိုယ်တော်ကျွန်စကားကို နားညောင်းတော်မူပါ။ ထာဝရဘုရားသည် ကိုယ်တော်ကို ကျွန်တော်တစ်ဖက်၌ နှိုးဆော်တော်မူသည် မှန်လျှင်၊ ယဇ်ပူဇော်ခြင်းကိုလက်ခံတော်မူပါစေသော။ သို့မဟုတ် လူသားတို့ နှိုးဆော်သည်မှန်လျှင်၊ ထာဝရဘုရားရှေ့တော်၌ ကျိန်ခြင်းကို ခံကြပါစေသော။ အကြောင်းမူကား၊ သူတို့က သွားတော့။ အခြားတစ်ပါးသော ဘုရားတို့ကိုဝတ်ပြုတော့ဟု ဆိုလျက် ကျွန်တော်ကို ထာဝရဘုရား၏အမွေတော်မြေ၌ မနေစေခြင်းငှာ ယနေ့ပင် နှင်ထုတ်ကြပါသည်တကား။