Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 27:22

Judson Bible

မိုက်​သော​သူ​ကို စ​ပါး​နှင့်​အ​တူ​ဆုံ၌ ကျည်​ပွေ့​နှင့် ထောင်း​သော်​လည်း၊ မိုက်​သော​သ​ဘော မ​ထွက်​တတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​မှ ယေ​ရော​ဗောင်​သည် မိ​မိ​အ​ဓ​မ္မ​လမ်း​ကို မ​ရှောင်။ သာ​မ​ည​လူ​တို့​ကို မြင့်​သော​အ​ရပ်​တွင် ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ထပ်၍​ခန့်​ထား၏။ ယဇ်​ပု​ရော​ဟိတ်​လုပ်​ချင်​သော​သူ​ရှိ​သ​မျှ​ကို ချီး​မြှောက်​သ​ဖြင့်၊ သူ​တို့​သည် မြင့်​သော​အ​ရပ်​တွင် ယဇ်​ပု​ရော​ဟိတ် ဖြစ်​ကြ၏။

ထို​ည​တွင်၊ ဖာ​ရော​ဘု​ရင်​နှင့် သူ၏​ကျွန်​များ၊ အဲ​ဂု​တ္တု​လူ​များ​တို့​သည်​ထ​ကြ၍၊ အ​သေ​ကောင်​ကင်း​သော အိမ်​တစ်​အိမ်​မျှ​မ​ရှိ​သော​ကြောင့်၊ အဲ​ဂု​တ္တု​ပြည်၌ ကြီး​စွာ​သော ငို​ကြွေး​ခြင်း​ဖြစ်​လေ​၏။

ထို​လူ​တို့​ထွက်​ပြေး​ကြောင်း​ကို၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​အား​ကြား​လျှောက်​သ​ဖြင့်၊ သူ​မှ​စ၍ ကျွန်​များ​တို့​သည် မ​နာ​လို​သော​စိတ်​ပေါက်​ပြန်​လျှင်၊ ငါ​တို့​သည် ဤ​သို့​ပြု၍ ဣ​သ​ရေ​လ​လူ​တို့​ကို ငါ​တို့​စေ​ခိုင်း​ရာ​မှ အ​ဘယ်​ကြောင့်​လွှတ်​ရ​သ​နည်း​ဟု ပြော​ဆို​ကြ​၏။

ရန်​သူ​က၊ ငါ​လိုက်​မည်။ သူ​တို့​ကို​မီ​လိမ့်​မည်။ လု​ယူ​သော​ဥ​စ္စာ​ကို​ဝေ၍ သူ​တို့၌ ငါ​ချင်​ရဲ​ပြေ​လိမ့်​မည်။ ဓား​ကို​အိမ်​မှ​ထုတ်၍ သူ​တို့​ကို ငါ့​လက်​နှင့်​ဖျက်​ဆီး​မည်​ဟု ဆို​သ​တည်း။

ပ​ညာ​ရှိ​သော​သူ​တို့၏ စည်း​စိမ်​ဥ​စ္စာ​သည် သူ​တို့ ဦး​ရစ်​သ​ရ​ဖူ​ဖြစ်၏။ မိုက်​သော​သူ​တို့၏​မိုက်​ခြင်း​မူ​ကား၊ အ​မိုက်​သက်​သက်​ဖြစ်၏။

သူ​တို့​သည် ငါ့​ကို​ရိုက်​ကြ​ပြီ။ သို့​သော်​လည်း ငါ​မ​နာ။ ငါ့​ကို​ထိုး​ကြ​သော်​လည်း ငါ​မ​သိ။ အ​ဘယ်​အ​ချိန်​မှ ငါ​နိုး​ရ​မည်​နည်း။ တစ်​ဖန် ငါ​ရှာ​ဦး​မည်​ဟု သင်​ဆို​လိမ့်​သ​တည်း။

ခွေး​သည် မိ​မိ​အန်​ဖတ်​ကို ပြန်၍​စား​တတ်​သ​ကဲ့​သို့၊ မိုက်​သော​သူ​သည် မိုက်​သော​အ​ကျင့်​ကို ပြန်၍ ကျင့်​တတ်၏။

သူ​တို့​ကို​အ​ဘယ်​သို့ ဒဏ်​ပေး​ရ​ဦး​မည်​နည်း။ အ​ဘယ်​သို့ ထပ်​၍ ဆုံး​မ​ရ​ဦး​မည်​နည်း။ ဦး​ခေါင်း​သည် အ​နာ​သက်​သက်​ရှိ​၏။ နှ​လုံး​သည်​လည်း ခွန်​အား​အ​လျှင်း​မ​ရှိ။

အဲ​သ​ယော​ပိ​လူ​သည် မိ​မိ​အ​ရေ၏​အ​ဆင်း​ကို​လည်း​ကောင်း၊ ကျား​သစ်​သည် မိ​မိ​အ​ကွက်​အ​ကျား​တို့​ကို​လည်း​ကောင်း ပြောင်း​လဲ​နိုင်​သ​လော။ ပြောင်း​လဲ​နိုင်​လျှင်၊ ဒု​စ​ရိုက်​ကို ပြု​လေ့​ရှိ​သော​သူ​တို့​သည်၊ သု​စ​ရိုက်​ကို​ပြု​ခြင်း​ငှာ တတ်​နိုင်​ကြ​လိမ့်​မည်။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် သ​စ္စာ​တ​ရား​ကို ထောက်​ရှု​တော်​မူ​သည် မ​ဟုတ်​လော။ ကိုယ်​တော်​သည် ဒဏ်​ခတ်​တော်​မူ​သော်​လည်း သူ​တို့​သည် ညှိုး​ငယ်​သော​စိတ်​မ​ရှိ​ကြ​ပါ။ ဖျက်​ဆီး​တော်​မူ​သော်​လည်း၊ သူ​တို့​သည် ဆုံး​မ​ခြင်း​ကို ငြင်း​ပယ်​ကြ​ပါ​ပြီ။ မိ​မိ​တို့​မျက်​နှာ​ကို ကျောက်​ထက်​သာ၍​မာ​စေ​ကြ​ပါ​ပြီ။ ငါ​တို့​သည် ပြန်၍​မ​လာ​ဟု ငြင်း​ဆန်​လျက် နေ​ကြ​ပါ​ပြီ။

ထို​သ​တင်း​ကို ရှော​လု​သည်​ကြား​လျှင် အ​ခြား​သော​သူ​တို့​ကို စေ​လွှတ်၍၊ သူ​တို့​သည်​လည်း ပ​ရော​ဖက်​ပြု​ရ​ကြ၏။ တ​တိ​ယ​အ​ကြိမ် ရှော​လု​သည်​စေ​လွှတ်၍၊ ထို​အ​တူ​ပြု​ရ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ