Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 27:20

Judson Bible

မ​ရ​ဏ​နိုင်​ငံ​နှင့် အ​ဗ​ဒ္ဒုန်​နိုင်​ငံ​သည် အ​လို​မ​ပြည့်​စုံ​သ​ကဲ့​သို့၊ လူ​တို့​မျက်​စိ​သည် အ​လို​မ​ပြည့်​စုံ​တတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

မ​ရ​ဏ​နိုင်​ငံ​သည် ရှေ့​တော်၌ လှန်​လျက်​ရှိ၏။ အ​ဗ​ဒ္ဒုန်​နိုင်​ငံ​ကို ဖုံး​အုပ်​ခြင်း​မ​ရှိ​ရာ။

မ​ရ​ဏ​နိုင်​ငံ​နှင့် အ​ဗ​ဒ္ဒုန်​နိုင်​ငံ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထင်​ရှား၏။ ထို​မျှ​မ​က၊ လူ​သား​တို့၏​နှ​လုံး​သည် သာ၍​ထင်​ရှား၏။

ပျောက်​တတ်​သော​အ​ရာ​ကို စေ့​စေ့​မျက်​မှောက်​ပြု​သင့်​သ​လော။ အ​ကယ်​စင်​စစ် ရွှေ​လင်း​တ​သည် မိုး​ကောင်း​ကင်​သို့ ပျံ​တတ်​သ​ကဲ့​သို့၊ ထို​အ​ရာ​သည် အ​တောင်​တို့​ကို​လုပ်၍ ပျံ​သွား​တတ်၏။

ရေ၌ လူ​မျက်​နှာ​ချင်း​တူ​သ​ကဲ့​သို့၊ လူ​တစ်​ယောက်​နှင့် တစ်​ယောက် စိတ်​သ​ဘော​တူ​ကြ၏။

ခပ်​သိမ်း​သော​အ​ရာ​တို့​သည် လူ​မ​ပြော​နိုင်​အောင် ပင်​ပန်း​ခြင်း​နှင့် ယှဉ်​ကြ၏။ မျက်​စိ​သည်​မြင်၍ မ​ကုန်​တတ်။ နား​သည်​လည်း ကြား၍​မ​ဝ​တတ်။

လူ​သည် အ​ဖော်​အ​ဖက်၊ သား​သ​မီး၊ ညီ​အစ်​ကို​မ​ရှိ၊ တစ်​ယောက်​တည်း​ဖြစ်​သော်​လည်း၊ ကြိုး​စား​အား​ထုတ်၍ မ​ကုန်​နိုင်။ မိ​မိ​စည်း​စိမ်​ကို​မြင်၍ မ​ရောင့်​ရဲ​နိုင်။ ငါ​သည်​ကိုယ်​ကို​ညှဉ်း​ဆဲ၍၊ အ​ဘယ်​သူ​အ​ဖို့ ကြိုး​စား​အား​ထုတ်​သ​နည်း​ဟု မ​မေး​တတ်။ ဤ​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​အ​မှု၊ အ​လွန်​ပင်​ပန်း​စေ​သော​အ​မှု​ဖြစ်၏။

လူ​ကြိုး​စား​အား​ထုတ်​သ​မျှ​တို့၌ ဝမ်း​ဖို့​သာ ကြိုး​စား​အား​ထုတ်​သော်​လည်း၊ စား​ချင်​သော​စိတ် မ​ပြေ​နိုင်။

ထို​ကြောင့်၊ မ​ရ​ဏ​နိုင်​ငံ​သည် မိ​မိ​လော​ဘ​ကို ကျယ်​စေ၍ မိ​မိ​ပါး​စပ်​ကို အ​တိုင်း​အ​ရှည်​မ​ရှိ​ဘဲ ဖွင့်​ဟ​သ​ဖြင့်၊ သူ​တို့၏ ဂုဏ်​အ​သ​ရေ အ​လုံး​အ​ရင်း၊ အ​သံ​ဗ​လံ​ပြု​ခြင်း၊ ရွှင်​လန်း​ခြင်း​တို့​သည် ဆင်း​မြုပ်​ရ​ကြ၏။

သင်၏​မျက်​စိ​နှင့် သင်၏​နှ​လုံး​မူ​ကား၊ လော​ဘ​လွန်​ကျူး​ခြင်း၊ အ​ပြစ်​မ​ရှိ​သော​သူ​ကို သတ်​ခြင်း၊ ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​မှ​တစ်​ပါး၊ အ​ဘယ်​အ​မှု​ကို​မျှ မ​မှတ်​တတ်။

ထို​မှ​တစ်​ပါး၊ စ​ပျစ်​ရည်​နှင့်​ပျော်​မွေ့​သော​သူ​သည် သ​စ္စာ​ပျက်​တတ်၏။ မာ​န​ထောင်​လွှား​သော​သူ​သည် ကိုယ်​နေ​ရာ၌ မ​နေ​နိုင်​ဘဲ၊ မိ​မိ​လော​ဘ​ကို မ​ရ​ဏ​နိုင်​ငံ​ကဲ့​သို့ ကျယ်​စေ​လျက်၊ သေ​မင်း​ကဲ့​သို့ မ​ပြေ​နိုင်​သော စိတ်​ရှိ​လျက်၊ တိုင်း​သူ​နိုင်​ငံ​သား အ​မျိုး​မျိုး​အ​ပေါင်း​တို့​ကို မိ​မိ​ထံ​သို့​ဆွဲ​ငင်၍ စု​ဝေး​စေ၏။

သင်​တို့​သည် များ​စွာ​ရ​မည်​ဟု မျှော်​လင့်​သော်​လည်း ရ​သော​ဥ​စ္စာ​ခေါင်း​ပါး​ရ၏။ အိမ်​သို့ ရောက်​သော​အ​ခါ ငါ​မှုတ်​လိုက်၏။ အ​ဘယ်​ကြောင့်​နည်း​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မေး​တော်​မူ၏။ ငါ့​အိမ်​သည် ပျက်​လျက်​ရှိ​သော​ကြောင့်​လည်း​ကောင်း၊ သင်​တို့​သည် အ​သီး​အ​သီး မိ​မိ​တို့​အိမ်​သို့​ပြေး​သော​ကြောင့်​လည်း​ကောင်း ဖြစ်​သ​တည်း။

လော​က၌​ရှိ​သ​မျှ​သော အ​ရာ​တည်း​ဟူ​သော ကိုယ်​ကာ​ယ​တပ်​မက်​ခြင်း၊ မျက်​စိ​တပ်​မက်​ခြင်း၊ လော​ကီ​စည်း​စိမ်၌ ဝါ​ကြွား​ခြင်း​တို့​သည် ခ​မည်း​တော်​နှင့်​မ​စပ်​ဆိုင်၊ လော​က​နှင့်​သာ စပ်​ဆိုင်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ