Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 27:17

Judson Bible

သံ​ကို သံ​ဖြင့်​ထက်​စေ​သ​ကဲ့​သို့၊ လူ​သည် အ​ဆွေ​ခင်​ပွန်း၏​မျက်​နှာ​ကို ထက်​စေ​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ထို​မိန်း​မ​ကို သိမ်း​ထား​သော​သူ​သည် လေ​ကို သိမ်း​ထား​သော​သူ​နှင့် တူ၏။ လက်​ယာ​လက်၌​လိမ်း​သော နံ့​သာ​ဆီ​ကို ဝှက်၍​မ​ထား​နိုင်။

သင်္ဘော​သ​ဖန်း​ပင်​ကို စောင့်​သော​သူ​သည် သင်္ဘော​သ​ဖန်း​သီး​ကို စား​ရ၏။ ထို​နည်း​တူ၊ သ​ခင်​အ​မှု​ကို ဆောင်​ရွက်​သော​သူ​သည် ဂုဏ်​အ​သ​ရေ​ကို​ရ​တတ်၏။

နံ့​သာ​ဆီ​နှင့် နံ့​သာ​ရည်​သည် ရွှင်​လန်း​စေ​သ​ကဲ့​သို့၊ ကြည်​ညို​သော​စိတ်​နှင့် အ​ကြံ​ပေး​တတ်​သော အ​ဆွေ​ခင်​ပွန်း၏ ချစ်​ဖွယ်​သော​လ​က္ခ​ဏာ​သည် ရွှင်​လန်း​စေ​တတ်၏။

စိတ်​ဆိုး​တတ်​သော​သူ​သည် ခိုက်​ရန်​မှု​ကို နှိုး​ဆော်​တတ်၏။ ပြင်း​ထန်​သော​သူ​သည်​လည်း၊ အ​လွန်​အ​ကျူး​များ​တတ်၏။

မာ​ရိ​သည် ထို​စ​ကား​ကို​ကြား​လျှင် အ​လျင်​တ​ဆော​ထ၍ အ​ထံ​တော်​သို့ သွား​လေ၏။-

ငါ​တို့​ခံ​ရ​သော ဆင်း​ရဲ​ခြင်း​ကြောင့် အ​ဘယ်​သူ​မျှ မ​ရွေ့​လျော့​မည်​အ​ကြောင်း၊ သင်​တို့​ကို​မြဲ​မြံ​စေ၍၊ ယုံ​ကြည်​ခြင်း​အ​ရာ၌ သင်​တို့​ကို တိုက်​တွန်း​နှိုး​ဆော်​စေ​ခြင်း​ငှာ သူ့​ကို ငါ​လွှတ်​လိုက်၏။-

ထို​အ​ကြောင်း​ကြောင့် ဤ​ဆင်း​ရဲ​ဒု​က္ခ​ကို ငါ​ခံ​ရ၏။ သို့​သော်​လည်း ရှက်​ကြောက်​ခြင်း​မ​ရှိ။ အ​ဘယ်​သူ​ကို ငါ​ယုံ​ကြည်​သည်​ဟု ငါ​သိ၏။ သူ၌ ငါ​အပ်​ထား​သော​အ​ရာ​ကို​လည်း၊ ထို​နေ့​ရက်​တိုင်​အောင် စောင့်​နိုင်​တော်​မူ​သည်​ဟု ငါ​သ​ဘော​ကျ၏။

ထို​ကြောင့်၊ ငါ​တို့​သ​ခင်​ဘု​ရား၏ သက်​သေ​ကို​လည်း​ကောင်း၊ ထို​သ​ခင်​ကြောင့် အ​ကျဉ်း​ခံ​ရ​သော​သူ​ဖြစ်​သော ငါ​ကို​လည်း​ကောင်း ရှက်​ကြောက်​ခြင်း​မ​ရှိ​နှင့်။ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော တန်​ခိုး​ကို​ရ​သည်​အ​တိုင်း ဧ​ဝံ​ဂေ​လိ​တ​ရား​နှင့် ဆက်​ဆံ၍ ဆင်း​ရဲ​ဒု​က္ခ​ကို​ခံ​လော့။-

ထို​သို့​အ​လို​ငှာ သင်​သည်၊ ယေ​ရှု​ခ​ရစ်​ထံ၌ ကောင်း​သော​စစ်​သူ​ရဲ​ကဲ့​သို့၊ ဆင်း​ရဲ​ဒု​က္ခ​ကို သည်း​ခံ​လော့၊-

ထို​မှ​တစ်​ပါး မေ​တ္တာ​စိတ်​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကောင်း​သော​အ​ကျင့်​ကို ကျင့်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ တိုက်​တွန်း နှိုး​ဆော်​ရ​သော​အ​ခွင့်​ကို ရှာ၍၊ အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ထောက်​စာ​ကြည့်​ရှု​ကြ​ကုန်​အံ့။-

ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့၏​ယုံ​ကြည်​ခြင်း​ကို စစ်​ကြော​စုံ​စမ်း​ခြင်း​အ​ရာ​သည် သည်း​ခံ​ခြင်း​ကို ပွား​စေ​တတ်​သည်​ဟု သိ​မှတ်​လျက်၊ အ​ထူး​ထူး​အ​ပြား​ပြား စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့် တွေ့​ကြုံ​သော​အ​ခါ၊ ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း သက်​သက်​ဖြစ်​သည်​ဟု မှတ်​ကြ​လော့။-

အာ​ဏာ​တော်​ကို​ဆန်၍၊ မှာ​ထား​တော်​မူ​သ​မျှ​သော​စ​ကား​ကို နား​မ​ထောင်​သော​သူ မည်​သည်​ကား၊ အ​သေ​သတ်​ခြင်း​ကို ခံ​စေ​ရ​မည်။ သို့​ဖြစ်၍ အား​ယူ​တော်​မူ​ပါ။ ရဲ​ရင့်​ခြင်း​ရှိ​တော်​မူ​ပါ​ဟု ယော​ရှု​အား​ပြန်​လျှောက်​ကြ၏။

အ​ကယ်​စင်​စစ် ထာ​ဝ​ရ​ဘု​ရား​သည် ထို​ပြည်​တစ်​လျှောက်​လုံး​ကို ငါ​တို့​လက်​သို့ အပ်​တော်​မူ​ပြီ။ ငါ​တို့​ကြောင့် ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် စိတ်​ပျက်​လျက်​ရှိ​ကြ​ပါ၏​ဟု ယော​ရှု​အား​လျှောက်​ဆို၏။

ရှော​လု၏​သား​ယော​န​သန်​သည် ထ၍ ဒါ​ဝိဒ်​ရှိ​ရာ​တော​အုပ်​သို့ သွား​ပြီး​လျှင်၊ ဘု​ရား​သ​ခင်၌ ခို​လှုံ​အား​ကြီး​စေ​ခြင်း​ငှာ ထောက်​မ​လျက်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ