Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 27:10

Judson Bible

ကိုယ်​အ​ဆွေ​ခင်​ပွန်း​နှင့် အ​ဘ၏​အ​ဆွေ​ခင်​ပွန်း​ကို မ​စွန့်​နှင့်။ အ​မှု​ရောက်​သော​ကာ​လ၌၊ ညီ​အစ်​ကို​အိမ်​သို့​မ​သွား​နှင့်။ နီး​သော​အိမ်​နီး​ချင်း​သည် ဝေး​သော​ညီ​အစ်​ကို​ထက် သာ၍​ကောင်း၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ရှော​လု၏​သား မေ​ဖိ​ဗော​ရှက်​သည်​လည်း ရှင်​ဘု​ရင်​ကို ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ​လာ၏။ ရှင်​ဘု​ရင်​ထွက်​သော​နေ့​မှ​စ၍ ငြိမ်​ဝပ်​စွာ ပြန်​လာ​တော်​မ​မူ​မီ​တိုင်​အောင်၊ သူ​သည်​ခြေ​တို့​ကို မ​ပြု​စု၊ မုတ်​ဆိတ်​ကို​မ​ပြင်​ဆင်၊ အ​ဝတ်​ကို မ​လျှော်​ဘဲ​နေ​ပြီ။

ကျွန်​တော်​အ​ဆွေ​အ​မျိုး​အ​ပေါင်း​တို့​သည် အ​ရှင်​မင်း​ကြီး​ရှေ့​တော်​မှာ လူ​သေ​ဖြစ်​ကြ​သော်​လည်း၊ စား​ပွဲ​တော်၌ စား​သော​သူ​တို့​နှင့်​အ​တူ ကိုယ်​တော်​ကျွန်​ကို နေ​ရာ​ပေး​တော်​မူ​ပြီ။ သို့​ဖြစ်၍ ရှင်​ဘု​ရင်​ထံ​တော်၌ ကျွန်​တော်​မြည်​တမ်း​ရ​သော အ​ခွင့်​သည် အ​ဘယ်​သို့ ရှိ​ပါ​သ​နည်း​ဟု ပြန်​လျှောက်​သော်၊

သို့​သော်​လည်း ဒါ​ဝိဒ်​နှင့်​ရှော​လု၏​သား​ယော​န​သန်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တစ်​ယောက်​နှင့်​တစ်​ယောက် သ​စ္စာ​က​တိ​ထား​သော​ကြောင့်၊ ရှင်​ဘု​ရင်​သည် ရှော​လု၏​သား​ယော​န​သန်​မြင်​သော မေ​ဖိ​ဗော​ရှက်​ကို နှ​မြော​တော်​မူ၏။

ထို​သို့ ယော​ရှ​မင်း​ကြီး​သည် ဇာ​ခ​ရိ​အ​ဘ ယော​ယ​ဒ​ပြု​သော​ကျေး​ဇူး​ကို မ​အောက်​မေ့၊ သား​ကို သတ်​လေ​သည်​တ​ကား။ ဇာ​ခ​ရိ​သေ​သော​အ​ခါ၊ ဤ​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား​သည် ကြည့်​ရှု​စစ်​ကြော​တော်​မူ​မည်​ဟု ဆို၏။

အ​ဆွေ​ခင်​ပွန်း​သည် အ​ခါ​ခပ်​သိမ်း​ချစ်​တတ်၏။ ညီ​အစ်​ကို​သည် ဒု​က္ခ​ကာ​လ​အ​ဖို့ မွေး​ဖွား​လျက်​ရှိ၏။

အ​ပေါင်း​အ​ဖော်​များ​သော​သူ​သည် အ​ကျိုး​နည်း​ရှိ​တတ်၏။ မိတ်​ဆွေ​မူ​ကား၊ ညီ​အစ်​ကို​စွဲ​ကပ်​သည်​ထက် သာ၍ စွဲ​ကပ်​တတ်၏။

ဆင်း​ရဲ​သော​သူ၏ ညီ​အစ်​ကို​ရှိ​သ​မျှ​တို့​သည် သူ့​ကို​မုန်း​တတ်​ကြ၏။ သူ၏​အ​ဆွေ​ခင်​ပွန်း​တို့​သည် သူ့​ကို​သာ၍ ဝေး​စွာ​ရှောင်​တတ်​ကြ၏။ လိုက်၍​ခေါ်​သော်​လည်း ကွယ်​ပျောက်​ကြ​ပြီ။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့၏​ဘိုး​ဘေး​တို့​သည် ငါ့​ထံ​မှ​ဝေး​စွာ​ထွက်​သွား၍၊ အ​န​တ္တ​လမ်း​သို့​လိုက်​လျက်၊ အ​န​တ္တ​သက်​သက် ဖြစ်​ရ​မည်​အ​ကြောင်း၊ ငါ၌​အ​ဘယ်​မည်​သော​အ​ပြစ်​ကို တွေ့​ကြ​သ​နည်း။

မိုး​လင်း​သော​အ​ခါ ယု​ဒ​လူ​တို့​သည် သင်း​ဖွဲ့၍၊ ငါ​တို့​သည် ပေါ​လု​ကို မ​သတ်​မီ​တိုင်​အောင် အ​လျှင်း​မ​စား​မ​သောက်​ရ​ဟု ကိုယ်​ကို​ကျိန်​ဆို၍ ဓိ​ဋ္ဌာန်​ပြု​ကြ၏။-

သင့်​ညီ​အစ်​ကို၏ သိုး​နွား​သည် လမ်း​လွဲ​သည်​ကို ကြည့်၍​မ​နေ​ရ။ ညီ​အစ်​ကို​ထံ​သို့ ဆက်​ဆက်​ပြန်​ပို့​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ