နက်ဖြန်နေ့ကို အမှီပြု၍ မဝါကြွားနှင့်။ တစ်ရက် အတွင်းတွင် အဘယ်သို့ ဖြစ်လိမ့်မည်ကို မသိနိုင်။
ဣသရေလရှင်ဘုရင်က၊ လက်နက်စုံကို ချွတ်သောသူသည် ဝါကြွားသကဲ့သို့ ဝတ်ဆင်သောသူသည် မဝါကြွားစေနှင့်ဟု ပြန်ပြော၏။
မိဖုရားဧသတာသည် မိမိပြင်ဆင်သောပွဲသို့ ငါမှတစ်ပါး၊ အဘယ်သူကိုမျှ ရှင်ဘုရင်နှင့်အတူ မဝင်စေ။ နက်ဖြန်နေ့၌လည်း ရှင်ဘုရင်နှင့်အတူ ငါ့ကိုဖိတ်ပြန်၏။
ထာဝရဘုရားသည် ငါတို့၏ဘုရားဖြစ်တော်မူ၏။ ငါတို့သည်လည်း၊ အထံတော်၌ ကျက်စားသောသူ၊ လက်တော်အောက်၌ နေသောသိုးစုဖြစ်ကြ၏။
နောက်ဖြစ်လတ္တံ့သောအရာကိုမသိ။ အဘယ်သို့ ဖြစ်လတ္တံ့သည်ကို တစ်စုံတစ်ယောက်မျှ မပြောနိုင်ရာ။
လာကြ။ စပျစ်ရည်ကိုယူခဲ့မည်။ သေရည်သေရက်ကို ဝစွာသောက်ကြစို့။ ယနေ့ဖြစ်သကဲ့သို့ နက်ဖြန်နေ့ဖြစ်လိမ့်မည်။ ထိုမျှမက၊ သာ၍ ကြွယ်ဝလိမ့်မည်ဟု ဆိုတတ်ကြ၏။
ဗျာဒိတ်တော် အချက်ဟူမူကား၊ နှစ်သက်ဖွယ်သောအချိန်၌ သင်၏စကားကို ငါနားထောင်ပြီ။ ကယ်တင်ရာနေ့ရက်ကာလ၌ သင့်ကို ငါမစပြီဟု လာသည်နှင့်အညီ ယခုပင် နှစ်သက်ဖွယ်သောအချိန်ရှိ၏။ ယခုပင် ကယ်တင်ရာ နေ့ရက်ကာလရှိ၏။-
ထိုမှတစ်ပါး သင်နှင့် ဣသရေလအမျိုးကို ဖိလိတ္တိလူတို့လက်၌ အပ်တော်မူမည်။ နက်ဖြန်နေ့ သင်နှင့် သင်၏သားတို့သည် ငါနှင့်အတူရှိလိမ့်မည်။ ထာဝရဘုရားသည် ဣသရေလလူ အလုံးအရင်းကို ဖိလိတ္တိလူတို့လက်၌ အပ်တော်မူမည်ဟု ဆို၏။