မိုက်သောသူကို ချီးမြှောက်ခြင်းသည် ကျောက်ပုံ၌ ကျောက်မြတ်ကို ပစ်ထားခြင်းကဲ့သို့ ဖြစ်၏။
မိုက်သောသူသည် မပျော်မွေ့သင့်။ ထိုမျှမက၊ ကျွန်သည်မင်းတို့ကို အစိုးမရသင့်။
နွေကာလ၌ မိုးပွင့်ကဲ့သို့လည်းကောင်း၊ စပါးရိတ်ရာကာလ၌ မိုးရေကဲ့သို့လည်းကောင်း၊ မိုက်သောသူသည် ဂုဏ်အသရေကို မခံသင့်။
သုတ္တံစကားကို မိုက်သောသူ ပြောခြင်းသည် ခြေဆွံ့သောသူ၏ ခြေကြွခြင်းကဲ့သို့ ဖြစ်၏။
ဆူးသည် ယစ်မူးသောသူ၏ လက်ကိုစူးသကဲ့သို့၊ သုတ္တံစကားသည် မိုက်သောသူ၏နှုတ်၌ရှိ၏။
မင်းပြုသော ကျွန်တစ်ပါး၊ ဝစွာစားရသော လူမိုက်တစ်ပါး၊