Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 26:27

Judson Bible

တွင်း​တူး​သော​သူ​သည် မိ​မိ​တွင်း​ထဲ​သို့​ကျ​လိမ့်​မည်။ ကျောက်​ကို လှိမ့်​သော​သူ​အ​ပေါ်​သို့ ထို​ကျောက်​သည် ပြန်၍​လိမ့်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​သို့ မော်​ဒ​ကဲ​အ​ဖို့​လုပ်​သော လည်​ဆွဲ​ချ​တိုင်၌ ဟာ​မန်​ကို ဆွဲ​ချ​ကြ၏။ ရှင်​ဘု​ရင်​လည်း စိတ်​ပြေ​တော်​မူ၏။

ဧ​သ​တာ​သည် ရှင်​ဘု​ရင်​ထံ​တော်​သို့​ဝင်၍ ယု​ဒ​လူ​တို့​တစ်​ဖက်၌ ဟာ​မန်​ကြံ​စည်​သော အ​ဓ​မ္မ​အ​ကြံ​ကို သူ၏​ခေါင်း​ပေါ်​သို့ ပြန်​ရောက်​စေ​မည်​အ​ကြောင်း၊ သူ​နှင့်​သူ၏​သား​တို့​ကို​လည်း လည်​ဆွဲ​ချ​တိုင်၌ ဆွဲ​ထား​စေ​မည် အ​ကြောင်း၊ အ​မိန့်​တော်​စာ​ကို ပေး​တော်​မူ​သည်​ဖြစ်၍​လည်း​ကောင်း၊

မ​တ​ရား​သော​သူ​သည် မာ​န​စိတ်​ရှိ၍၊ ဆင်း​ရဲ​သော​သူ​ကို ညှဉ်း​ဆဲ​တတ်​ပါ၏။ မိ​မိ​ပြု​သော ပ​ရိ​ယာယ်​အား​ဖြင့် ထို​သူ​ကို ဖမ်း​ဆီး​တတ်​ပါ၏။

သူ​တို့​သည် ငါ​သွား​ရာ​လမ်း၌ ကျော့​ကွင်း​ကို ပြင်​ဆင်​ကြ​ပြီ။ ငါ့​ဝိ​ညာဉ်​သည် နှိမ့်​ချ​လျက်​ရှိ၏။ ငါ့​ရှေ့၌ တွင်း​ကို​တူး​ကြ​ပြီး​မှ ကိုယ်​တူး​သော တွင်း​ထဲ​သို့​ကိုယ်​ကျ​ကြ​ပြီ။

တစ်​ပါး​အ​မျိုး​သား​တို့​သည် ကိုယ်​တူး​သော​တွင်း​ထဲ​သို့ ကိုယ်​ကျ​ကြ၏။ ကိုယ်​ဝှက်​ထား​သော ကျော့​ကွင်း​ထဲ​မှာ ကိုယ်​ခြေ​တို့​သည် ကျော့​မိ​ကြ၏။

ဖြောင့်​မတ်​သော​သူ​ကို လမ်း​လွှဲ၍၊ မ​ကောင်း​သော​လမ်း​ထဲ​သို့ သွေး​ဆောင်​သော​သူ​သည် မိ​မိ​တူး​သော​တွင်း​ထဲ​သို့ မိ​မိ​ကျ​လိမ့်​မည်။ သ​ဘော​ဖြောင့်​သော​သူ​မူ​ကား၊ ကောင်း​သော​အ​ရာ​တို့​ကို အ​မွေ​ခံ​ရ​လိမ့်​မည်။

အ​ဓ​မ္မ​လူ​သည် မိ​မိ​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​ဖြင့်​ဖမ်း​မိ​ခြင်း၊ မိ​မိ​အ​ပြစ်​ကြိုး​တို့​ဖြင့် ချည်​နှောင်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

တွင်း​ကို တူး​သော​သူ​သည် ထို​တွင်း​ထဲ​သို့ ကျ​လိမ့်​မည်။ ခြံ​ကို​ဖျက်​သော​သူ​သည် မြွေ​ကိုက်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

မ​တ​ရား​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။ မ​ကောင်း​သော​အ​မှု​နှင့် တွေ့​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သူ​ကျင့်​သော အ​ကျင့်​တို့၏​အ​ပြစ်​ကို သူ၌​ဆပ်​ပေး​ရ​လိမ့်​မည်။

ယေ​ရု​ရှ​လင်​မြို့​ပြို​လဲ​လျက်၊ ယု​ဒ​ပြည် ဆုံး​ရှုံး​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ သူ​တို့​စ​ကား​နှင့် သူ​တို့​အ​ကျင့်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ အ​လို​တော်​နှင့်​မ​ညီ၊ ဘုန်း​ကြီး​သော​မျက်​စိ​တော်​တို့​ကို ဆန့်​ကျင်​ဘက်​ပြု​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ