Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 26:24

Judson Bible

အ​ငြိုး​ထား​သော​သူ​သည် နှုတ်​ဖြင့်​လျှို့​ဝှက်၍၊ ကိုယ်​ထဲ​မှာ လှည့်​စား​သော​သ​ဘော​ကို ဝှက်​ထား​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ယာ​ကုပ်၏​သား​တို့​သည်၊ နှ​မ​ဒိ​န​ကို ရှေ​ခင်​မင်း​သား​ရှုတ်​ချ​သော​အ​ကြောင်း​ကို ဆင်​ခြင်၍၊ မင်း​သား​နှင့်​အ​ဘ​ဟာ​မော်​ကို ပ​ရိ​ယာယ်​ဖြင့်​ပြန်​ပြော​သည်​မှာ၊

အ​ဗ​ရှ​လုံ​က​လည်း၊ လိုက်​တော်​မ​မူ​လျှင်၊ နောင်​တော်​အာ​မ​နုန် လိုက်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ​ဟု လျှောက်​ပြန်​သော်၊ ရှင်​ဘု​ရင်​က အ​ဘယ်​ကြောင့် လိုက်​စေ​ရ​မည်​နည်း​ဟု ဆို​သော်​လည်း၊

အ​ဗ​ရှ​လုံ​ပူ​ဆာ​သော​ကြောင့် အာ​မ​နုန်​မှ​စ၍ သား​တော်​ရှိ​သ​မျှ လိုက်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။

ယွာ​ဘ​က​လည်း၊ မာ၏​လား​ငါ့​ညီ​ဟု အာ​မ​သ​ကို​မေး၍ နမ်း​ဟန်​ဆောင်​လျက် လက်​ယာ​လက်​နှင့် အာ​မ​သ၏​မုတ်​ဆိတ်​ကို ကိုင်၏။

သ​မ္ဘာ​လတ်​နှင့်​ဂေ​ရှင်​တို့​က လာ​ပါ။ ဩ​နော​ချိုင့်​တွင် ခေ​ဖိ​ရိမ်​ရွာ​မှာ တွေ့​ကြ​ကုန်​အံ့​ဟု မ​ကောင်း​သော အ​ကြံ​ရှိ၍ ငါ့​ကို​မှာ​လိုက်​ကြ၏။

ငါ​တို့​သည် ကိုယ်​လျှာ​အား​ဖြင့်​နိုင်​မည်။ ကိုယ်​နှုတ်​ခမ်း​သည် ကိုယ်​အ​မှု​ကို​စောင့်​လိမ့်​မည်။ ငါ​တို့၏​သ​ခင်​ကား အ​ဘယ်​သူ​နည်း​ဟု ပြော​ဆို​သော​သူ​တို့၏ ချော့​မော့​သော​နှုတ်​ခမ်း​နှင့် ဝါ​ကြွား​သော​လျှာ​ရှိ​သ​မျှ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည် ဖြတ်​တော်​မူ​မည်။

အိမ်​နီး​ချင်း၏​အ​ကျိုး​ကို ဖျက်​ဆီး​လို​သော စိတ်​နှ​လုံး​ရှိ​သည်​နှင့်၊ လော​က​ဝတ်​စ​ကား​ကို ပြော​တတ်​သော​သူ​တည်း​ဟူ​သော ဆိုး​ယုတ်​သော​အ​မှု၊ မ​တ​ရား​သော​အ​မှု​ကို ပြု​တတ်​သော​သူ​တို့​နှင့်​အ​တူ အ​ကျွန်ုပ်​ကို သွေး​ဆောင်​တော်​မ​မူ​ပါ​နှင့်။

ငါ့​ကို ကြည့်​လာ​သော​သူ​သည် မု​သား​စ​ကား​ကို ပြော​တတ်၏။ သူ၏​နှ​လုံး​သည်​လည်း မ​ကောင်း​သော​အ​ကြံ​ကို ဆည်း​ပူး​သည်​နှင့်၊ ထွက်​သွား​သော​အ​ခါ ထုတ်​ဖော်​ပြော​တတ်၏။

အ​ငြိုး​ဖွဲ့​သော​သ​ဘော​ကို မု​သား​နှုတ်​ခမ်း​ဖြင့် ဖုံး​ထား​သော​သူ၊ သူ့​အ​သ​ရေ​ပျက်​အောင် ပြော​တတ်​သော​သူ​သည် မိုက်​သော​သ​ဘော​ရှိ၏။

မ​မှန်​သော​ချိန်​ခွင်​သည် ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​ဖွယ်၊ မှန်​သော​အ​လေး​မူ​ကား၊ နှစ်​သက်​တော်​မူ​ဖွယ် ဖြစ်၏။

မှန်​သော​စ​ကား​ကို ပြော​သော​သူ​သည် ဖြောင့်​မတ်​ခြင်း​တ​ရား၊ မ​မှန်​သော​သက်​သေ​ကို​ခံ​သော​သူ​မူ​ကား၊ မု​သား​တ​ရား​ကို ပြ​သ​တတ်၏။

မ​ကောင်း​သော​အ​ကြံ​ကို ကြံ​သော​သူ​တို့၏​စိတ်​ထဲ​မှာ လှည့်​စား​တတ်​သော​သ​ဘော​ရှိ၏။ ရန်​ပြေ​စေ​ခြင်း​ငှာ အ​ကြံ​ပေး​သော​သူ​တို့၌​ကား၊ ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း​ရှိ၏။

ဖြောင့်​မတ်​သော​သူ၏​အ​ကြံ​သည် ဖြောင့်၏။ မ​တ​ရား​သော​သူ​ပေး​သော အ​ကြံ​မူ​ကား မု​သား​ဖြစ်၏။

ပ​ညာ​သ​တိ​ရှိ​သော သူ၏​ပ​ညာ​ကား၊ ကိုယ်​သွား​ရ​သော​လမ်း​ကို သိ​ခြင်း​တည်း။ မိုက်​သော​သူ၏​မိုက်​ခြင်း​မူ​ကား၊ ပ​ရိ​ယာယ်​တည်း။

သူ​သည် စိတ်​ထင်​သည်​အ​တိုင်း​ဖြစ်၏။ စား​သောက်​တော့​ဟု ဆို​သော်​လည်း စေ​တ​နာ​စိတ်​မ​ရှိ။

လူ​တိုင်း မိ​မိ​အ​ပေါင်း​အ​ဖော်​ကို သ​တိ​ပြု​လော့။ မိ​မိ​ညီ​အစ်​ကို​ကို မ​ယုံ​ကြ​နှင့်။ ညီ​အစ်​ကို​တိုင်း မိ​မိ​ညီ​အစ်​ကို​အ​ရာ​ကို ဆက်​ဆက်​လု​ယူ​မည်။ အ​ပေါင်း​အ​ဖော်​ရှိ​သ​မျှ​တို့​သည် သူ့​အ​သ​ရေ​ကို ဖျက်​မြဲ​ဖျက်​ကြ​လိမ့်​မည်။

တစ်​ဖန် ရှော​လု​သည် ဒါ​ဝိဒ်​ကို​ခေါ်၍ ငါ့​သ​မီး​ကြီး မေ​ရပ်​ကို သင့်​အား​ငါ​ပေး​စား​မည်။ သင်​သည် ငါ့​အ​ဖို့ ရဲ​ရင့်၍ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ စစ်​တိုက်​ခြင်း​ကို​သာ​ပြု​လော့​ဟု မိန့်​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ငါ့​လက်​သည် သူ့​အ​ပေါ်​သို့ မ​ရောက်​စေ​နှင့်။ ဖိ​လိ​တ္တိ​လူ​တို့​လက်​သည် ရောက်​ပါ​စေ​သော​ဟု ရှော​လု​အ​ကြံ​ရှိ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ