ကုန်းတိုက်သောသူ၏စကားသည် မြိန်သော ခဲဖွယ်စားဖွယ်ကဲ့သို့ ဖြစ်၍၊ ဝမ်းအတွင်းသို့ ဝင်တတ်၏။
ကုန်းတိုက်သောသူ၏စကားသည် မြိန်သော ခဲဖွယ်စားဖွယ်ကဲ့သို့ဖြစ်၍၊ ဝမ်းအတွင်းသို့ ဝင်တတ်၏။
လည်၍ စကားများသောသူသည် လျှို့ဝှက်အပ်သောအရာကို ဖော်ပြတတ်၏။ သို့ဖြစ်၍ ချော့မော့တတ်သောသူနှင့် မပေါင်းဖော်နှင့်။
သင့်အလယ်၌ လူအသက်ကို သတ်လို၍ ကုန်းတိုက်သောသူ၊ တောင်ပေါ်မှာ စားသောသူ၊ အဓမ္မအမှုကိုပြုသောသူ ရှိကြ၏။
သူ့အသရေပျက်သော သတင်းကိုကြားပြောခြင်းငှာ၊ ကိုယ်အမျိုးသားချင်းတို့တွင် မလှည့်လည်ရ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို သေစေခြင်းငှာ မကြံစည်ရ။ ငါသည် ထာဝရဘုရားဖြစ်၏။