စာငှက်သည် အရပ်ရပ်လှည့်လည်၍၊ ဇရက်သည်လည်း ပျံသွားသကဲ့သို့၊ ထိုနည်းတူ အကြောင်းမရှိသော ကျိန်ဆဲခြင်းသည် မသင့်မရောက်တတ်။
ထာဝရဘုရားသည် ငါ၏ဒုက္ခကိုကြည့်ရှု၍ ယနေ့ ထိုသူကျိန်ဆဲသည်အတွက် ကောင်းသောအကျိုးကို ပြန်ပေးကောင်း ပေးတော်မူလိမ့်မည်ဟူ၍လည်းကောင်း၊ အဘိရှဲနှင့် ကျွန်တော်မျိုးအပေါင်းတို့အား မိန့်တော်မူ၏။
ရှောလု၏နိုင်ငံကို လုယူ၍ သူ၏အဆွေအမျိုးကို သတ်သောအပြစ်အလုံးစုံကို သင့်ခေါင်းပေါ်မှာ ထာဝရသက်ရောက်စေ၍၊ နိုင်ငံတော်ကို သင်၏သား အဗရှလုံလက်၌ အပ်တော်မူပြီ။ သင်သည် လူအသက်ကို သတ်သောသူဖြစ်သောကြောင့် ကြည့်ပါ။ အမှုကြီး ရောက်လေပြီဟု ဆို၏။
အကြောင်းမူကား၊ သူတို့သည် ဣသရေလ အမျိုးသားတို့ကို လုပ်ကျွေးခြင်းငှာ မကြိုဆို၊ ကျိန်ဆဲစေခြင်းငှာ ဗာလံကိုငှားကြ၏။ သို့ရာတွင် ငါတို့၏ ဘုရားသခင်သည် ကျိန်ဆဲသောစကားကို ကောင်းချီးပေးသော စကားဖြစ်စေတော်မူ၏။
ထိုသူတို့သည် ကျိန်ဆဲသော်လည်း၊ ကိုယ်တော်မူကား ကောင်းချီးပေးတော်မူပါ။ သူတို့သည် ထသောအခါ အရှက်ကွဲကြပါစေသော။ ကိုယ်တော်၏ကျွန်မူကား၊ ဝမ်းမြောက်ပါစေသော။
မိမိနေရာကိုစွန့်၍ လည်သောသူသည် မိမိအသိုက်ကို စွန့်၍လည်သော ငှက်နှင့်တူ၏။
မိမိအသိုက်ကိုစွန့်ပစ်၍ လည်ရသောငှက်ကဲ့သို့၊ မောဘသမီးတို့သည် အာနုန်မြစ်ကူးရာ ကမ်းနားမှာရှိကြလိမ့်မည်။
ဘုရားသခင် ကျိန်ဆဲတော်မမူသောသူကို အဘယ်သို့ငါကျိန်ဆဲနိုင်မည်နည်း။ ဘုရားသခင်သည် ပျက်စီးခြင်းသို့ အပ်တော်မမူသောသူကို အဘယ်သို့ ငါအပ်နိုင်မည်နည်း။
ဖိလိတ္တိလူက၊ သင်သည် တောင်ဝှေးနှင့် ငါ့ထံသို့လာရမည်အကြောင်း၊ ငါသည် ခွေးဖြစ်သလောဟုမေးလျက်၊ မိမိဘုရားတို့ကိုတိုင်တည်၍ ဒါဝိဒ်ကိုကျိန်ဆဲလေ၏။