Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 25:8

Judson Bible

အ​လျင်​အ​မြန် ရန်​မ​တွေ့​နှင့်။ အိမ်​နီး​ချင်း​သည် သင့်​ကို​အ​ရှက်​ခွဲ​ပြီး​မှ၊ သင်​သည် အ​ဘယ်​သို့ ပြု​မည်​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ အာ​ဗ​နာ​က၊ ယွာ​ဘ​ကို​ဟစ်၍၊ ဓား​သွား​သည် အ​စဉ်​မ​ပြတ် ကိုက်​စား​ရ​မည်​လော။ နောက်​ဆုံး၌ ခါး​သော​အ​ရ​သာ​ကို တွေ့​လိမ့်​မည်​ဟု မ​သိ​သော လူ​များ​တို့​သည် ညီ​အစ်​ကို​တို့​ကို​မ​လိုက်၊ ပြန်​စေ​မည်​အ​ကြောင်း သင်​သည်​အ​ဘယ်​မျှ ကာ​လ​ပတ်​လုံး မ​စီ​ရင်​ဘဲ​နေ​မည်​နည်း​ဟု ဆို​လျှင်၊

ရှင်​ဘု​ရင်​က​လည်း၊ အ​သက်​ရှင်​သော​သူ​ငယ်​ကို​ခွဲ၍ ထို​မိန်း​မ​တို့​အား တစ်​ယောက်​တစ်​ဝက်​စီ​ပေး​လော့​ဟု မိန့်​တော်​မူ​သော်၊

လူ​ထင်​သည်​အ​တိုင်း မှန်​သော​လ​က္ခ​ဏာ​ရှိ​သော်​လည်း၊ အ​ဆုံး၌ သေ​ခြင်း​သို့​ပို့​သော​လမ်း​တစ်​မျိုး​ရှိ၏။

ရန်​တွေ့​စ​အ​မှု​သည် ရေ​ကန်​ပေါင်​ပေါက်​စ​ကဲ့​သို့ ဖြစ်​သော​ကြောင့်၊ ရန်​မ​တွေ့​မီ တွေ့​စ​ရာ​အ​ကြောင်း​ကို ရှောင်​လော့။

မိုက်​သော​သူ၏ နှုတ်​ခမ်း​တို့​သည် ရန်​တွေ့​တတ်၏။ သူ၏​နှုတ်​သည်​လည်း အ​ပြစ်​ဒဏ်​ကို တောင်း​တတ်၏။

အ​ကယ်​စင်​စစ် နို့​ကို​မွှေ​လျှင် ထော​ပတ်​ထွက်​တတ်၏။ နှာ​ခေါင်း​ကို​ဆွဲ​လိမ်​လျှင် အ​သွေး​ထွက်​တတ်၏။ ထို​နည်း​တူ၊ ဒေါ​သ​ကို​နှိုး​ဆော်​လျှင် ခိုက်​ရန်​ထွက်​တတ်၏။

အ​မျက်​ထွက်​သည်​တိုင်​အောင် စိတ်​မ​တို​နှင့်။ အ​မျက်​သည် မိုက်​သော​သူ၏​စိတ်​နှ​လုံး၌ နေ​ရာ​ကျ​တတ်၏။

ပ​ရော​ဖက်​တို့​သည် မ​ဟုတ်​မ​မှန်​ဟော​ပြော​ကြ၏။ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဝန်​ခံ၍ အ​စိုး​ရ​ကြ၏။ ထို​သို့​သော​အ​မှု​ကို ငါ၏​လူ​တို့​သည် နှစ်​သက်​ကြ၏။ ထို​အ​မှု​ဆုံး​သော​အ​ခါ သင်​တို့​သည် အ​ဘယ်​သို့​ပြု​ကြ​လိမ့်​မည်​နည်း။

တ​ရား​တွေ့​ဖက်​နှင့်​အ​တူ လမ်း၌​သွား​စဉ်​တွင်​ပင်၊ သူ၏​စိတ်​ကို ပြေ​စေ​ခြင်း​ငှာ အ​လျင်​အ​မြန်​ပြု​လော့။ သို့​မ​ဟုတ် တ​ရား​တွေ့​ဖက်​သည် တ​ရား​သူ​ကြီး၌ အပ်​မည်။ တ​ရား​သူ​ကြီး​သည်​လည်း လု​လင်​ခေါင်း၌​အပ်၍ ထောင်​ထဲ၌ လှောင်​ထား​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ