Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 25:5

Judson Bible

မ​တ​ရား​သော သူ​တို့​ကို ရှင်​ဘု​ရင်​ထံ​တော်​မှ ပယ်​ရှား​လျှင်၊ အာ​ဏာ​တော်​သည် တ​ရား​အား​ဖြင့် တည်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​တို့၏ အ​သွေး​သည် ယွာ​ဘ​ခေါင်း၊ သား​မြေး​တို့၏ ခေါင်း​ပေါ်​မှာ အ​စဉ်​သက်​ရောက်​ပါ​စေ။ ဒါ​ဝိဒ်​နှင့် သူ၏​ဆွေ​တော်​မျိုး​တော်၊ နန်း​တော်၊ ရာ​ဇ​ပ​လ္လင်​တော်၌ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ငြိမ်​ဝပ်​ခြင်း​အ​မြဲ​သက်​ရောက်​ပါ​စေ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊

ရှော​လ​မုန်​မင်း​ကြီး​သည် မင်္ဂ​လာ​ရှိ၍ ဒါ​ဝိဒ်၏​ရာ​ဇ​ပ​လ္လင်​တော်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​စဉ်​အ​မြဲ တည်​ပါ​စေ​သ​တည်း​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊

ယော​ယ​ဒ​သား​ဗေ​နာ​ယ​သည် အ​မိန့်​တော်​ကို​ခံ၍ ပြင်​သို့​ထွက်​ပြီး​လျှင် ရှိ​မိ​ကို​သေ​အောင်​လုပ်​ကြံ​လေ၏။ ထို​သို့ နိုင်​ငံ​တော်​သည် ရှော​လ​မုန်​လက်၌ တည်၏။

ထို​သို့ မော်​ဒ​ကဲ​အ​ဖို့​လုပ်​သော လည်​ဆွဲ​ချ​တိုင်၌ ဟာ​မန်​ကို ဆွဲ​ချ​ကြ၏။ ရှင်​ဘု​ရင်​လည်း စိတ်​ပြေ​တော်​မူ၏။

ရှင်​ဘု​ရင်​ပြု​သော​ဒု​စ​ရိုက်​သည် စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်၏။ အ​ကြောင်း​မူ​ကား၊ ရာ​ဇ​ပ​လ္လင်​သည် ဖြောင့်​မတ်​ခြင်း​အား​ဖြင့်​သာ တည်​တတ်၏။

က​ရု​ဏာ​တ​ရား​နှင့် သ​စ္စာ​တ​ရား​သည် ရှင်​ဘု​ရင်​ကို​စောင့်​မ​တတ်၏။ ရာ​ဇ​ပ​လ္လင်​တော်​သည် က​ရု​ဏာ​တ​ရား​အား​ဖြင့် မြဲ​မြံ​တတ်၏။

တ​ရား​ပ​လ္လင်​ပေါ်​မှာ ထိုင်​သော ရှင်​ဘု​ရင်​သည် မ​ကောင်း​သော​အ​မှု​အ​ရာ​ရှိ​သ​မျှ​တို့​ကို မျက်​စိ​တော်​နှင့် ပယ်​ရှင်း​တတ်၏။

ရှင်​ဘု​ရင်​ထံ​တော်၌ ကိုယ်​ကို မ​ချီး​မြှောက်​နှင့်။ လူ​ကြီး​နေ​ရာ၌ မ​နေ​နှင့်။

ဆင်း​ရဲ​သား​တို့​ကို တ​ရား​သ​ဖြင့်​စီ​ရင်​သော ရှင်​ဘု​ရင်၏​အာ​ဏာ​တော်​သည် အ​စဉ်​အ​မြဲ တည်​တတ်၏။

ရာ​ဇ​ပ​လ္လင်​သည်​လည်း၊ က​ရု​ဏာ၌ တည်​လိမ့်​မည်။ သ​စ္စာ​နှင့်​ပြည့်​စုံ၍၊ ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော​သူ​သည် ဖြောင့်​မတ်​စွာ စစ်​ကြော၍၊ တ​ရား​မှု​ကို အ​လျင်​အ​မြန် ဆုံး​ဖြတ်​တော်​မူ​လျက်၊ ဒါ​ဝိဒ်​မင်း၏​တဲ​တော်၌ တ​ရား​စီ​ရင်​တော်​မူ​လိမ့်​မည်။

ဒါ​ဝိဒ်​မင်း၏ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်၍၊ နိုင်​ငံ​တော်​ကို နောင်​ကာ​လ​အ​စဉ်​မ​ပြတ်၊ တ​ရား​တော်​အ​တိုင်း ဖြောင့်​မတ်​စွာ​စီ​ရင်၍ အ​မြဲ​တည်​စေ​တော်​မူ​မည်​အ​ကြောင်း၊ အာ​ဏာ​တော်​တိုး​တက်​ခြင်း​နှင့် ငြိမ်​သက်​တော်​မူ​ခြင်း​သည် နိ​စ္စ​အ​မြဲ​ရှိ​လိမ့်​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် အ​လို​တော်​အား​ကြီး၍၊ ထို​အ​မှု​ကို ပြီး​စီး​စေ​တော်​မူ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ