အမှုရောက်သောကာလ၌ သစ္စာပျက်တတ်သောသူကိုယုံလျှင် သွားကျိုးခြင်း၊ ခြေဆစ်ပြုတ်ခြင်းကို ခံရ၏။
စိတ်ညှိုးငယ်သောသူအား သီချင်းဆိုသောသူသည် ဆောင်းကာလ၌ အဝတ်ကိုချွတ်သောသူ၊ ယမ်းစိမ်းပေါ်မှာ ပုံးရည်ကို လောင်းသောသူနှင့် တူ၏။
အဲဂုတ္တုပြည်သည် အချည်းနှီးသက်သက်၊ အကျိုးမပေးနိုင်။ ထိုကြောင့်၊ မလှုပ်ဘဲနေတတ်သော ရာခပ်ဟု ငါသမုတ်ပေ၏။
ကျိုးသော ကျူလုံးတောင်ဝှေးတည်းဟူသော အဲဂုတ္တုပြည်ကို ကိုးစားပါသည်တကား။ ထိုကျူလုံးသည် မှီသောသူ၏လက်ကိုဖောက်၍ လျှိုသွားလိမ့်မည်။ ထိုသို့ အဲဂုတ္တုမင်းကြီး ဖာရောဘုရင်သည် မိမိ၌မှီသောသူ အပေါင်းတို့ကို ပြုလိမ့်မည်။
ပထမအချိန်၌ အပြစ်တင်ခွင့်ကိုဖြေ၍ ငါသည် အစီရင်ခံရသောအခါ၊ ငါ့ဘက်၌ အဘယ်သူမျှမနေ။ လူအပေါင်းတို့သည် ငါ့ကို စွန့်ပစ်ကြ၏။-