Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 24:9

Judson Bible

မိုက်​သော​အ​ကြံ​အ​စည်၌ အ​ပြစ်​ပါ၏။ မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည်​လည်း၊ လူ​စက်​ဆုပ်​ရွံ​ရှာ​ဖွယ် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

မြေ​ကြီး​ပေါ်​မှာ လူ​အ​ပြစ်​ကြီး၍၊ သူ၏​စိတ်​နှ​လုံး​အ​ကြံ​အ​စည်​ရှိ​သ​မျှ​တို့​သည် အ​စဉ်​မ​ပြတ် ဆိုး​ညစ်​ခြင်း​သက်​သက်​ရှိ​ကြောင်း​ကို၊ ဘု​ရား​သ​ခင်​သိ​မြင်​တော်​မူ​လျှင်၊

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ မွှေး​ကြိုင်​သော အ​နံ့​ကို​ခံ​ယူ၍၊ ငါ​သည် နောက်​တစ်​ဖန်​လူ​တို့​အ​တွက် မြေ​ကြီး​ကို​မ​ကျိန်။ အ​ကြောင်း​မူ​ကား၊ လူ​တို့​သည် ငယ်​သော​အ​ရွယ်​မှ​စ၍၊ စိတ်​နှ​လုံး​အ​ကြံ​အ​စည်​ဆိုး​ကြ၏။ ငါ​သည် ယ​ခု​တစ်​ခါ ပြု​ပြီး​သ​ကဲ့​သို့၊ အ​သက်​ရှင်​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို နောက်​တစ်​ဖန်​ဒဏ်​မ​ခတ်။

အ​ကျွန်ုပ်​သည် အ​ဓ​မ္မ​လူ​တို့​ကို မုန်း​၍၊ ကိုယ်​တော်၏​တ​ရား​ကို နှစ်​သက်​ပါ၏။

ပြင်း​စွာ​သော ဒေါ​သ​အ​မျက်၌ ကျင်​လည်​သော​သူ​ကို၊ ထောင်​လွှား​စော်​ကား​သော​သူ၊ မ​ထီ​မဲ့​မြင်​ပြု​သော​သူ​ဟူ၍ သ​မုတ်​အပ်၏။

မ​ထီ​မဲ့​မြင်​ပြု​သော​သူ​ကို​နှင်​ထုတ်​လော့။ သို့​ပြု​လျှင် ရန်​မာန်​လည်း ထွက်​သွား​လိမ့်​မည်။ ရန်​တွေ့​ခြင်း​နှင့် ကဲ့​ရဲ့​ခြင်း​လည်း ငြိမ်း​လိမ့်​မည်။

သူ​သည် စိတ်​ထင်​သည်​အ​တိုင်း​ဖြစ်၏။ စား​သောက်​တော့​ဟု ဆို​သော်​လည်း စေ​တ​နာ​စိတ်​မ​ရှိ။

မ​ကောင်း​သော​အ​မှု​ကို​ပြု​ခြင်း​ငှာ ကြံ​စည်​သော​သူ​ကို၊ ဘေး​ပြု​သော​သူ​ဟူ၍ မှည့်​ရ၏။

မ​ထီ​မဲ့​မြင်​ပြု​သော​သူ​တို့​သည် မြို့​ကို​မီး​ရှို့​တတ်၏။ ပ​ညာ​ရှိ​သော သူ​တို့​မူ​ကား၊ ဒေါ​သ​အ​မျက်​ကို လွှဲ​တတ်၏။

မ​ထီ​မဲ့​မြင်​ပြု​သော​သူ​ကို ဆုံး​မ​သော​သူ​သည် အ​ရှက်​ကွဲ​ခြင်း​ကို​လည်း​ကောင်း၊ လူ​ဆိုး​ကို အ​ပြစ်​ပြ​သော​သူ​သည် ကဲ့​ရဲ့​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​လိမ့်​မည်။

ဆိုး​သော​သူ​သည် မိ​မိ​လမ်း​ကို​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​သည် မိ​မိ​အ​ကြံ​တို့​ကို​လည်း​ကောင်း စွန့်​ပစ်၍၊ ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့ ပြောင်း​လဲ​ပါ​စေ။ သို့​ပြု​လျှင် သ​နား​တော်​မူ​လိမ့်​မည်။ ငါ​တို့ ဘု​ရား​သ​ခင့် ထံ​တော်​သို့ ပြောင်း​လဲ​ပါ​စေ။ သို့​ပြု​လျှင် အ​ထူး​သ​ဖြင့် အ​ပြစ်​ကို လွှတ်​တော်​မူ​လိမ့်​မည်။

အို ယေ​ရု​ရှ​လင်​မြို့၊ သင်​သည် ကယ်​တင်​ခြင်း​သို့ ရောက်​ခြင်း​ငှာ၊ သင်၏​စိတ်​နှ​လုံး​ကို ဒု​စ​ရိုက်​အ​ပြစ်​နှင့် ကင်း​စင်​စေ​လော့။ သင်၏ အ​ဓ​မ္မ​အ​ကြံ​အ​စည်​တို့​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး သင်၏​အ​ထဲ၌ တည်​နေ​ရ​မည်​နည်း။

မ​ကောင်း​သော ကြံ​စည်​ခြင်း၊ လူ​အ​သက်​ကို သတ်​ခြင်း၊ သူ့​မ​ယား​ကို ပြစ်​မှား​ခြင်း၊ မိန်း​မ​လွတ်​နှင့် မှား​ယွင်း​ခြင်း၊ သူ့​ဥ​စ္စာ​ကို ခိုး​ခြင်း၊ မ​မှန်​သော သက်​သေ​ကို​ခံ​ခြင်း၊ သူ့​အ​သ​ရေ​ကို ဖျက်​ခြင်း​အ​ရာ​တို့​သည် နှ​လုံး​ထဲ​က ထွက်​လာ၍၊-

ငါ​ပ​ညတ်​သည်​ကား ကိ​လေ​သာ​စိတ်​နှင့် သူ့​မ​ယား​ကို​ကြည့်​ရှု​သော​သူ​သည် စိတ်​နှ​လုံး​ထဲ၌ ထို​မိန်း​မ​နှင့် ပြစ်​မှား​ပြီ။-

ယေ​ရှု​သည် ထို​သူ​တို့၏​စိတ်​ကို သိ​မြင်​တော်​မူ​လျှင်၊ သင်​တို့​သည် အ​ဘယ်​ကြောင့် ငြူ​စူ​သော​စိတ် ရှိ​ကြ​သ​နည်း။-

ထို​ကြောင့် သင်၌ ယ​ခု​ဆိုး​ညစ်​သော​အ​မှု​ကို နောင်​တ​ရ​လော့။ သင်၏​စိတ်​နှ​လုံး၌ ကြံ​စည်​ခြင်း​အ​ပြစ်​ကို လွှတ်​ကောင်း​လွှတ်​လိမ့်​မည် ဖြစ်၍၊ ဘု​ရား​သ​ခင်​ကို တောင်း​ပန်​လော့။-

ထို​လက်​နက်​အား​ဖြင့် လူ​တို့၏ အ​ကြံ​အ​စည်​တို့​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ကို​သိ​သော​ပ​ညာ​ကို တား​ဆီး​သော မာန်​မာ​န ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ နှိမ့်​ချ​မှောက်​လှန်၍၊ ခပ်​သိမ်း​သော​စိတ်​တို့​ကို ဖမ်း​သွား​ချုပ်​ထား​လျက်၊ ခ​ရစ်​တော်၏​စ​ကား​ကို နား​ထောင်​စေ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ