ပညာရှိတို့နှင့် တိုင်ပင်ပြီးမှ စစ်မှုကိုပြုရ၏။ အကြံပေးနိုင်သောသူများစွာရှိလျှင်၊ ဘေးလွတ်တတ်၏။
အာဟပ်အမျိုးကဲ့သို့ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ ခမည်းတော်သေသောနောက်၊ အာဟပ်အမျိုးသားတို့သည် အာခဇိကို အကျိုးနည်းစေခြင်းငှာ မကောင်းသောအကြံကို ပေးကြ၏။
အကြံပေးနိုင်သော ဉာဏ်မရှိလျှင် ပြည်သားတို့သည် ရှုံးတတ်၏။ အကြံပေးနိုင်သောသူ အများရှိလျှင်မူကား၊ ဘေးလွတ်တတ်၏။
တိုင်ပင်ခြင်းမရှိလျှင် အကြံပျက်တတ်၏။ တိုင်ပင်သောသူများလျှင်မူကား၊ အကြံတည်တတ်၏။
အကြံရှိသောသူသည် သူတစ်ပါးနှင့်တိုင်ပင်လျှင်၊ အကြံထမြောက်တတ်၏။ ကောင်းသောတိုင်ပင်ခြင်းရှိမှသာ စစ်မှုကိုပြုရမည်။
တနည်းကား၊ တစ်စုံတစ်ယောက်သော ရှင်ဘုရင်သည် အခြားသောရှင်ဘုရင်နှင့် စစ်ပြိုင်မည်ဟု အကြံရှိလျှင်၊ လူနှစ်သောင်းနှင့် ချီလာသော ရှင်ဘုရင်ကို လူတစ်သောင်းနှင့် ခံနိုင်မည် မခံနိုင်မည်ကို ရှေ့ဦးစွာထိုင်၍ မဆင်ခြင်ဘဲ နေမည်လော။-
ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည် ခြင်းတရားကို စောင့်ရှောက်ပြီ။-