ပြင်အရပ်မှာ သင်၏အလုပ်ကို ပြင်လော့။ လယ်တော၌ ကိုယ်အဖို့ ပြင်ဆင်လော့။ နောက်မှ သင်၏နေရာအိမ်ကို ဆောက်လော့။
ထိုအိမ်တော်ကို တည်လုပ်သောအခါ၊ ထိုအရပ်သို့မဆောင်ခဲ့မီ ဆစ်ပြီးသော ကျောက်တို့ဖြင့်သာတည်လုပ်သောကြောင့်၊ သံတူ၊ ပုဆိန်၊ သံတန်ဆာနှင့်လုပ်သောအသံ မမြည်ရ။
မှန်သောစကားကို ပြန်ပြောတတ်သောသူ၏နှုတ်ကို လူတိုင်းနမ်းလိမ့်မည်။
သင်၏ သိုးစုအကြောင်းတို့ကိုသိခြင်းငှာ ကြိုးစားလော့။ နွားစုတို့ကိုလည်း စေ့စေ့ကြည့်ရှုလော့။
ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။ မိုးကောင်းကင်အောက်၌ ကြံစည်သမျှ အသီးအသီးတို့ကို ပြုရသောအချိန်ရှိ၏။
ဖွားချိန်နှင့် သေချိန်လည်းရှိ၏။ စိုက်ပျိုးရသောအချိန်နှင့် စိုက်ပျိုးရသောအရာကို နုတ်ရသောအချိန်လည်း ရှိ၏။