Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 24:2

Judson Bible

သူ​တို့​သည် ဖျက်​ဆီး​ခြင်း​ငှာ နှ​လုံး​ကြံ​စည်​တတ်၏။ နှုတ်​နှင့်​လည်း ဘေး​ပြု​မည်​စ​ကား​ကို ပြော​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​တို့​သည် မ​ကောင်း​သော​အ​ကြံ​ကို ပ​ဋိ​သ​န္ဓေ​ယူ၍ အ​န​တ္တ​ကို​ဖွား​တတ်​ကြ၏။ သူ​တို့​ဝမ်း​ထဲ၌ မု​သား​ကို ကိုယ်​ဝန်​ဆောင်​တတ်​သည်​ဟု မြွက်​ဆို၏။

သူ၏​နှုတ်​သည် ကျိန်​ဆဲ​ခြင်း၊ လှည့်​စား​ခြင်း၊ ရှုတ်​ချ​ခြင်း​နှင့် ပြည့်​ဝ​ပါ၏။ လျှာ​အောက်​မှာ မ​ကောင်း​သော​အ​ကြံ​နှင့် မ​တ​ရား​သော​အ​မှု​ရှိ​ပါ၏။

ထို​သူ​တို့​သည် နှ​လုံး​ထဲ​မှာ မ​ကောင်း​သော​အ​ကြံ​အ​စည်​ရှိ၍၊ စစ်​မှု​ကို အ​စဉ်​နှိုး​ဆော်​ကြ​ပါ၏။

အိမ်​နီး​ချင်း၏​အ​ကျိုး​ကို ဖျက်​ဆီး​လို​သော စိတ်​နှ​လုံး​ရှိ​သည်​နှင့်၊ လော​က​ဝတ်​စ​ကား​ကို ပြော​တတ်​သော​သူ​တည်း​ဟူ​သော ဆိုး​ယုတ်​သော​အ​မှု၊ မ​တ​ရား​သော​အ​မှု​ကို ပြု​တတ်​သော​သူ​တို့​နှင့်​အ​တူ အ​ကျွန်ုပ်​ကို သွေး​ဆောင်​တော်​မ​မူ​ပါ​နှင့်။

အိပ်​ရာ​ပေါ်​မှာ မ​ကောင်း​သော​အ​မှု​ကို ကြံ​စည်​တတ်၏။ မ​ကောင်း​သော​လမ်း​သို့ အ​မြဲ​လိုက်၍၊ ဆိုး​ယုတ်​သော​အ​ကျင့်​ကို ရွံ​ရှာ​ခြင်း​မ​ရှိ။

အ​ကျွန်ုပ်​အ​သက်​ကို ရှာ​သော​သူ​တို့​သည် ကျော့​ကွင်း​များ​ကို ထောင်​ထား​ကြ​ပါ၏။ အ​ကျွန်ုပ်၌ အ​ပြစ်​ပြု​ခြင်း​အ​ခွင့်​ကို ရှာ​သော​သူ​တို့​သည် တစ်​နေ့​လုံး မ​နာ​လို​သော​စ​ကား​ကို​ပြော၍၊ မ​ကောင်း​သော​ပ​ရိ​ယာယ်​ကို ကြံ​စည်​ကြ​ပါ၏။

ထို​သူ​သည် ဒု​စ​ရိုက်​ဖွား​သော ဝေ​ဒ​နာ​ကို​ခံ​ရ၏။ မ​ကောင်း​သော​အ​ကြံ​အ​စည်​ကို ပ​ဋိ​သ​န္ဓေ​ယူ၍၊ စိတ်​ပျက်​ခြင်း​ကို ဖွား​မြင်​တတ်၏။

ငါ့​သား၊ လူ​ဆိုး​တို့​သည် သင့်​ကို​သွေး​ဆောင်​လျှင် ဝန်​မ​ခံ​နှင့်။

မ​ကောင်း​သော​အ​မှု​ကို​ပြု​ခြင်း​ငှာ ကြံ​စည်​သော​သူ​ကို၊ ဘေး​ပြု​သော​သူ​ဟူ၍ မှည့်​ရ၏။

ကောက်​သော​စိတ်​သ​ဘော​နှင့် ပြည့်​စုံ၍၊ မ​ကောင်း​သော​အ​ကြံ​ကို အ​စဉ် ကြံ​စည်​တတ်၏။ သူ​တစ်​ပါး​ချင်း ရန်​တွေ့​စေ​ခြင်း​ငှာ ပြု​တတ်၏။

မ​ကောင်း​သော အ​ကြံ​ကို ကြံ​စည်​သော​နှ​လုံး​တစ်​ပါး၊ အ​ပြစ်​ပြု​ရာ​သို့ အ​လျင်​အ​မြန်​ပြေး​တတ်​သော ခြေ​တစ်​ပါး၊

သို့​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် နှုတ်​က​ပတ်​တော်​ကို​ပယ်၍၊ လိမ်​ကောက် ယို​ယွင်း​ခြင်း​ကို​သာ မှီ​ဝဲ​ခို​လှုံ​သော​ကြောင့်၊

တ​ရား​ကို အ​ဘယ်​သူ​မျှ​မ​ရှာ၊ သ​စ္စာ​ကို အ​ဘယ်​သူ​မျှ​မ​စောင့်၊ အ​န​တ္တ​ကို​ကိုး​စား၍ မု​သား​စ​ကား​ကို ပြော​တတ်​ကြ၏။ မ​ကောင်း​သော​အ​ကြံ​ကို ပ​ဋိ​သ​န္ဓေ​ယူ၍၊ အ​ဓ​မ္မ​အ​မှု​ကို ဖွား​ကြ၏။

သင်၏​မျက်​စိ​နှင့် သင်၏​နှ​လုံး​မူ​ကား၊ လော​ဘ​လွန်​ကျူး​ခြင်း၊ အ​ပြစ်​မ​ရှိ​သော​သူ​ကို သတ်​ခြင်း၊ ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​မှ​တစ်​ပါး၊ အ​ဘယ်​အ​မှု​ကို​မျှ မ​မှတ်​တတ်။

ဒု​စ​ရိုက်​ကို ကြိုး​စား၍​ပြု​ခြင်း​ငှာ အ​သင့်​ရှိ​ကြ၏။ မင်း​သည် လက်​ဆောင်​ကို တောင်း​တတ်၏။ တ​ရား​သူ​ကြီး​သည် တံ​စိုး​ကို စား​တတ်၏။ သူ​တစ်​ပါး​ထက်​ကြီး​သော​သူ​သည် မ​တ​ရား​သော လော​ဘ​ကို ထင်​ရှား​စေ​တတ်၏။ ထို​သို့​အ​မှု​ကို ရှုပ်​စေ​ခြင်း​ငှာ ပြု​တတ်​ကြ၏။

လှည့်​ဖြား​ခြင်း၊ အ​ကျိုး​ကို​ဖျက်​ခြင်း အ​မျိုး​မျိုး​နှင့်​ပြည့်​စုံ​သော မာရ်​နတ်၏​သား၊ ဖြောင့်​မတ်​ခြင်း​တ​ရား၏​ရန်​သူ၊ သင်​သည် ထာ​ဝ​ရ​ဘု​ရား၏ ဖြောင့်​မတ်​သော​လမ်း​ခ​ရီး​တို့​ကို မ​ဖျက်​ဆီး​ဘဲ​မ​နေ​နိုင်​သ​လော။-

ရှော​လု​သည် မ​ကောင်း​သော​အ​ကြံ​နှင့် ကြိုး​စား​သည်​ကို ဒါ​ဝိဒ်​သည်​သိ၍၊ ယဇ်​ပု​ရော​ဟိတ် အ​ဗျာ​သာ​အား၊ သင်​တိုင်း​တော်​ကို ယူ​ခဲ့​ပါ​ဟု​ဆို၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ