သင်၏ရန်သူလဲသောအခါ ဝမ်းမမြောက်နှင့်။ ခြေထိခိုက်သောအခါ ရွှင်လန်းသောစိတ်မရှိနှင့်။
အာဗနာကိုဟေဗြုန်မြို့၌ သင်္ဂြိုဟ်ကြ၏။ သင်္ချိုင်းအနားမှာ ရှင်ဘုရင်သည် အသံကိုလွှင့်၍ ငိုကြွေး၏။ လူအပေါင်းတို့သည်လည်း ငိုကြွေးကြ၏။
ငါ့ကိုမုန်းသောသူသည် ပျက်စီးသောအခါ ငါဝမ်းမြောက်သလော။ သူ၌ဘေးရောက်သောအခါ၊ ငါဝါကြွားသလော။
ငါလဲသောအခါမူကား၊ သူတို့သည် ဝမ်းမြောက်၍ စည်းဝေးကြ၏။ ရိုက်ပုတ်သောသူတို့သည် ငါ့တစ်ဖက်၌ စည်းဝေးကြ၏။ သူတို့ကိုလည်း ငါမသိရ။ မရပ်မနားဘဲ ငါ့ကိုဆွဲဖြတ်ကြ၏။
မဟုတ်မမှန်ဘဲ အကျွန်ုပ်ကို ရန်ဘက်ပြုသော သူတို့သည် အောင်ပွဲကို မခံကြပါစေနှင့်။ အကြောင်းမရှိဘဲ အကျွန်ုပ်ကိုမုန်းသော သူတို့လည်း မျက်စိစွေပြခြင်းကို မပြုကြပါစေနှင့်။
ငါ့ရန်သူတို့က၊ သင်၏ဘုရားသခင်သည် အဘယ်မှာရှိသနည်းဟု ငါ့ကိုအစဉ်ပြောဆိုကြသဖြင့်၊ ငါ့အရိုးတို့ကို ချိုး၍ကဲ့ရဲ့တတ်ကြ၏။
ဆင်းရဲသားတို့ကို မထီလေးစားပြုသောသူသည် ဖန်ဆင်းတော်မူသောဘုရားကို ကဲ့ရဲ့၏။ သူတစ်ပါး၌ဘေးရောက်လျှင် ဝမ်းမြောက်တတ်သောသူသည်လည်း အပြစ်ဒဏ်နှင့် မလွတ်ရ။
ရှိလျှင် ထာဝရဘုရားသိမြင်သဖြင့်၊ မနှစ်သက်ဘဲ သူမှအမျက်တော်ကို လွှဲတော်မူမည်။
သင်၏ညီသည် တစ်ပါးအမျိုးသားဖြစ်သောနေ့၌ သူ၏အမှုကို သင်မကြည့်သင့်။ ယုဒအမျိုးသားတို့သည် ပျက်စီးသောနေ့၌ မဝါကြွားသင့်။ ဒုက္ခခံရသောနေ့၌ စော်ကားသောစကားကို မပြောသင့်။
အချင်းရန်သူ၊ ငါ့အပေါ်မှာ ဝါကြွားဝမ်းမြောက်ခြင်း မရှိနှင့်။ ငါလဲသော်လည်း ထဦးမည်။ မှောင်မိုက်၌ ထိုင်ရသော်လည်း၊ ထာဝရဘုရားသည် ငါ၏အလင်းဖြစ်တော်မူလိမ့်မည်။
စိတ်နှလုံးရွှင်လန်းသောအခါ၊ ရှံဆုန်ကို ခေါ်ခဲ့။ ငါတို့အဖို့ ကစားပါလေစေဟု ဆိုသဖြင့်၊ ရှံဆုန်ကို ထောင်အိမ်မှခေါ်ခဲ့၍ သူသည် ကစားရ၏။ သူကိုလည်း ဇရပ်တိုင်ကြားမှာ ထားကြ၏။