Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 24:14

Judson Bible

ထို​အ​တူ၊ သင်​တွေ့​ရ​သော ပ​ညာ​တ​ရား​သည် စိတ်​ဝိ​ညာဉ်၌ အ​ရ​သာ​နှင့် ပြည့်​စုံ၍၊ သင်​သည် မျှော်​လင့်​ခြင်း​အ​ကြောင်း​မ​ပျက်၊ ကောင်း​သော​အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

မိန့်​တော်​မူ​ချက်​တို့​သည် အ​ကျွန်ုပ်​အာ​ခေါင်၌ အ​လွန်​ချို​ကြ​ပါ၏။ ခံ​တွင်း​ထဲ​မှာ ပျား​ရည်​ထက်​သာ၍ ချို​ကြ​ပါ​၏။

သက်​သေ​ခံ​တော်​မူ​ချက်​တို့​သည် အ​ကျွန်ုပ်​နှ​လုံး​ရွှင်​လန်း​ရာ​ဖြစ်၍၊ ကိုယ်​အ​မွေ​ဥ​စ္စာ​ဖို့ အ​စဉ်​အ​မြဲ ခံ​ယူ​ပါ၏။

သာ​ယာ​သော​စ​ကား​တို့​သည် ပျား​လ​ပို့​ကဲ့​သို့​ဖြစ်၍၊ စိတ်​ဝိ​ညာဉ်၌ ချို​မြိန်​လျက်၊ ကိုယ်​အ​ရိုး​ကို ကျန်း​မာ​စေ​လျက်​ရှိ​ကြ၏။

ပ​ညာ​သည်​သင်၏​နှ​လုံး​ထဲ​သို့​ဝင်၍၊ သင်​သည် သိ​ကြား​ခြင်း၌​မွေ့​လျော်​သော​အ​ခါ၊

သင်၏​နှ​လုံး၌​သွင်း​မိ​နိုင်​လျှင် သာ​ယာ​သော​အ​ကျိုး ရှိ​လိမ့်​မည်။ သင်၏​နှုတ်၌​လည်း အ​စဉ် အ​သင့်​ရှိ​လိမ့်​မည်။

အ​ကယ်​စင်​စစ် အ​မှု​ဆုံး​ဖြတ်​ချိန်​သည် ရောက်​လိမ့်​မည်။ သင့်​မျှော်​လင့်​ခြင်း​အ​ကြောင်း မ​ပျက်​ရာ။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တွေ့​သော နှုတ်​က​ပတ်​တော်​စ​ကား​ကို ခံ​ယူ​ပါ​ပြီ။ နှုတ်​က​ပတ်​တော်​သည် အ​ကျွန်ုပ် ဝမ်း​မြောက်​ရွှင်​လန်း​စ​ရာ​အ​ကြောင်း ဖြစ်​ပါ၏။ နာ​မ​တော်​ဖြင့် အ​ကျွန်ုပ်​ကို ခေါ်​ဝေါ်​ပါ၏။

ယေ​ရှု​က​လည်း၊ သင်​သည်​စုံ​လင်​ခြင်း​သို့ ရောက်​လို​လျှင် သွား​လော့။ ကိုယ်​ဥ​စ္စာ​များ​ကို​ရောင်း၍ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​လော့။ ထို​သို့​ပြု​လျှင် ကောင်း​ကင်​ဘုံ၌ ဘ​ဏ္ဍာ​ကို​ရ​လိမ့်​မည်။ သို့​ပြီး​မှ ငါ့​နောက်​သို့ လိုက်​လော့​ဟု မိန့်​တော်​မူ၏။-

လွှတ်​ခြင်း​နှင့်​စပ်​ဆိုင်၍ စုံ​လင်​သော​တ​ရား၌ စေ့​စေ့​ကြည့်​ရှု၍ တည်​ကြည်​သော​သူ​မူ​ကား၊ တ​ရား​နာ၍ မေ့​လျော့​သော​သူ မ​ဟုတ်၊ အ​ကျင့်​ကျင့်​သော​သူ​ဖြစ်​သ​ဖြင့်၊ မိ​မိ​ကျင့်​သော​အ​ကျင့်၌ မင်္ဂ​လာ​ရှိ​သော​သူ ဖြစ်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ