သင်္ချိုင်းသို့ထုတ်၍ အသေခံလုသောသူတို့ကို သင်သည် နုတ်အံ့သောငှာ၊ အားမထုတ်ဘဲနေလျက်၊
မတရားသောသူ၏ အစွယ်တို့ကို ငါချိုး၍၊ သူလုယူကိုက်စားသော အရာကိုနုတ်၏။
ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူတို့ကို မတရားသောသူ၏လက်မှ ကယ်နုတ်ကြလော့။
အကျွန်ုပ်သည် ဒုက္ခဝေဒနာကိုခံရ၍ သေဆဲရှိပါ၏။ စီရင်တော်မူသောဘေးများကို ငယ်သောအရွယ်ကပင် ခံရ၍ ပင်ပန်းပါ၏။
ပေါလုကလည်း၊ ကိုယ်ကိုအပြစ်မပြုနှင့်။ ငါတို့အပေါင်းသည် ရှိကြ၏ဟု ကြီးသောအသံနှင့် ဟစ်၍ပြောဆို၏။-
ထိုအခါ ဟေလသလူအပေါင်းတို့သည် တရားဇရပ်မှူး သုဿင်ကိုယူ၍ တရားပလ္လင်ရှေ့မှာ ရိုက်ကြ၏။ ထိုအမှုကိုလည်း ဂါလျုန်မင်းသည် အမှုမထားဘဲနေ၏။
အချင်းချင်း ငြင်းခုံခြင်းများသောအခါ၊ ထိုသူတို့သည် ပေါလုကို ဆွဲငင်၍ အပိုင်းပိုင်းဆုတ်ဖြတ်မည်ကို စစ်သူကြီး စိုးရိမ်သောကြောင့်၊ စစ်သူရဲများ၊ ဆင်းကြ၊ ပေါလုကို အရာရှိမင်းတို့အထဲမှ အနိုင်အထက်ယူ၍ ရဲတိုက်ထဲသို့ ပို့ဆောင်ကြဟု အမိန့်ရှိ၏။