Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 23:6

Judson Bible

မ​နာ​လို​သော​သူ၏ အ​စာ​ကို မ​စား​နှင့်။ သူ၏​ခဲ​ဖွယ်​စား​ဖွယ်​ကို အ​လို​မ​ရှိ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ဒု​စ​ရိုက်​ကို ပြု​သော​သူ​တို့​နှင့်​အ​တူ အ​ကျွန်ုပ်​ပါ၍၊ မ​တ​ရား​သော​အ​မှု၊ ဒု​စ​ရိုက်​အ​မျိုး​မျိုး၌ ကျင်​လည်​စေ​ခြင်း​ငှာ၊ အ​ကျွန်ုပ်၏​စိတ်​နှ​လုံး​ကို မ​ကောင်း​သော​အ​မှု​အ​ရာ​သို့ သွေး​ဆောင်​တော်​မ​မူ​ပါ​နှင့်။ ထို​သူ​တို့၏​ခဲ​ဖွယ်​စား​ဖွယ်​တို့​ကို အ​ကျွန်ုပ်​မ​စား​ပါ​စေ​နှင့်။

က​ရု​ဏာ​မျက်​စိ​ရှိ​သော​သူ​သည် ဆင်း​ရဲ​သော​သူ​တို့​ကို ကျွေး​သော​ကြောင့် မင်္ဂ​လာ​ရှိ​လိမ့်​မည်။

ထို​မင်း၏ ခဲ​ဖွယ်​စား​ဖွယ်​တို့​ကို အ​လို​မ​ရှိ​နှင့်။ လှည့်​စား​တတ်​သော​အ​စာ ဖြစ်၏။

ငွေ​ရ​တတ်​ခြင်း​ငှာ အ​လျင်​အ​မြန်​ပြု​သော​သူ​သည် မ​နာ​လို​သော​သ​ဘော​ရှိ​တတ်၏။ နောက်​တစ်​ဖန် ဆင်း​ရဲ​ခြင်း​သို့ ရောက်​မည်​ဟု မ​အောက်​မေ့​တတ်။

ငါ​သည် ကိုယ်​ဥ​စ္စာ​ကို ပြု​လို​သ​မျှ​မ​ပြု​ရာ​သ​လော။ ငါ့​သ​ဘော​ကောင်း​သော​ကြောင့် သင်​သည် မျက်​မုန်း​ကြိုး​ရ​သ​လော​ဟု ဆို​လေ၏။-

သူ့​ဥ​စ္စာ​ကို ခိုး​ခြင်း၊ လော​ဘ​လွန်​ကျူး​ခြင်း၊ မ​နာ​လို​ခြင်း၊ လှည့်​စား​ခြင်း၊ ညစ်​ညူး​ခြင်း၊ ငြူ​စူ​ခြင်း၊ သူ့​အ​သ​ရေ​ကို ဖျက်​ခြင်း၊ ထောင်​လွှား​စော်​ကား​ခြင်း၊ လျှပ်​ပေါ်​ခြင်း၊-

သင့်​စိတ်​နှ​လုံး၌ ဆိုး​ညစ်​သော​သ​ဘော​ရှိ၍၊ သ​တ္တ​မ​နှစ်​တည်း​ဟူ​သော လွှတ်​ရာ​နှစ်​နီး​ပြီ​ဟု အောက်​မေ့​လျက်၊ ထို​ဆင်း​ရဲ​သော ညီ​အစ်​ကို​ကို မ​နာ​လို​သော​စိတ်​ရှိ၍၊ ဘာ​မျှ​မ​ပေး​ဘဲ​နေ​လျှင် သူ​သည် ထာ​ဝ​ရ​ဘု​ရား​အား​အော်​ဟစ်​သ​ဖြင့်၊ သင်၌​အ​ပြစ်​မ​ရောက်​မည်​အ​ကြောင်း သ​တိ​ပြု​လော့။

သင့်​နေ​ရာ​မြို့​တို့​ကို ရန်​သူ​ဝိုင်း​ထား၍ ကျဉ်း​ကျပ်​စေ​သော​အ​ခါ၊ အ​လွန်​နူး​ညံ့​သိမ်​မွေ့​သ​ဖြင့် မြေ​ကို မ​နင်း​ဝံ့​သော​မိန်း​မ​သည်​လည်း၊ စား​စ​ရာ​အ​လျှင်း မ​ရှိ​သော​ကြောင့်၊ မိ​မိ​ရင်​ခွင်၌​ရှိ​သော လင်၊ မိ​မိ​သား​သ​မီး၊ မိ​မိ​ဝမ်း​ထဲ​က ထွက်​သော​အ​ချင်း၊ မိ​မိ​ဖွား​မြင်​သော သူ​ငယ်​တို့​ကို မ​နာ​လို​သော​စိတ်​ရှိ၍ မိ​မိ​သူ​ငယ်​ကို တိတ်​ဆိတ်​စွာ စား​ရ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ