သုတ္တံကျမ်း။ 23:35Judson Bibleသူတို့သည် ငါ့ကိုရိုက်ကြပြီ။ သို့သော်လည်း ငါမနာ။ ငါ့ကိုထိုးကြသော်လည်း ငါမသိ။ အဘယ်အချိန်မှ ငါနိုးရမည်နည်း။ တစ်ဖန် ငါရှာဦးမည်ဟု သင်ဆိုလိမ့်သတည်း။ အခန်းကိုကြည့်ပါ။ |
အို ထာဝရဘုရား၊ ကိုယ်တော်သည် သစ္စာတရားကို ထောက်ရှုတော်မူသည် မဟုတ်လော။ ကိုယ်တော်သည် ဒဏ်ခတ်တော်မူသော်လည်း သူတို့သည် ညှိုးငယ်သောစိတ်မရှိကြပါ။ ဖျက်ဆီးတော်မူသော်လည်း၊ သူတို့သည် ဆုံးမခြင်းကို ငြင်းပယ်ကြပါပြီ။ မိမိတို့မျက်နှာကို ကျောက်ထက်သာ၍မာစေကြပါပြီ။ ငါတို့သည် ပြန်၍မလာဟု ငြင်းဆန်လျက် နေကြပါပြီ။