သူသည် ဓားပြကဲ့သို့ချောင်းကြည့်တတ်၏။ လွန်ကျူးသော ယောက်ျားများပြားစေခြင်းငှာ ပြုတတ်၏။
ထိုသို့သခင်မသည် နေ့တိုင်းသွေးဆောင်သော်လည်း၊ ယောသပ်သည် သူ၏စကားကိုနားမထောင်၊ သူနှင့်အတူအိပ်ခြင်း၊ နေခြင်းအမှုကိုရှောင်လေ၏။
အမျိုးပျက်သောမိန်းမ၏နှုတ်သည် နက်သော မြေတွင်းဖြစ်၏။ ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူသောသူသည် ထိုမြေတွင်းထဲသို့ ကျလိမ့်မည်။
အကြောင်းမူကား၊ ပြည့်တန်ဆာမကို မှီဝဲသောယောက်ျားသည် ဆင်းရဲ၍၊ မုန့်တစ်လုံးကိုသာရတတ်၏။ မျောက်မထားသော မိန်းမသည်လည်း မြတ်သောအသက်ကိုဖမ်းတတ်၏။
ပြည့်တန်ဆာအဝတ်ကိုဝတ်၍၊ ဆန်းပြားသော မိန်းမသည် ထိုသူကို ကြိုဆို၏။
ခဏအိမ်ပြင်၊ ခဏလမ်းထဲမှာ နေလျက်၊ လမ်းထောင့်အရပ်ရပ်၌ ချောင်းမြောင်း၍ ကြည့်တတ်၏။
ထိုအရပ်၌ သင်္ချိုင်းသားရှိကြောင်း၊ ထိုမိန်းမ၏ဧည့်သည်တို့သည် မရဏနိုင်ငံအနက်ဆုံး၌နေကြောင်းကို ထိုယောက်ျားသည် မသိမမှတ်။
ကျော့ကွင်းနှင့် ပိုက်ကွန်တို့ကို ကြံစည်ပြင်ဆင်၍ ကြိုးနှင့်ချည်နှောင်တတ်သောမိန်းမသည်၊ သေခြင်းထက် သာ၍ခါးသည်ကို ငါတွေ့ပြီ။ ဘုရားသခင်စိတ်တွေ့တော်မူသောသူသာလျှင်၊ ထိုမိန်းမလက်နှင့် လွတ်လိမ့်မည်။ အပြစ်ပြုတတ်သောသူကိုကား၊ ဖမ်းမိလိမ့်မည်။
မြင့်သောအရပ်များကို မျှော်ကြည့်၍၊ လင်မနေဖူးသောအရပ် တစ်စုံတစ်ခုကိုရှာလော့။ အာရပ်လူသည် တော၌စောင့်သကဲ့သို့၊ သင်သည် လမ်းတို့၌စောင့်နေ၍၊ မတရားသော မေထုန်အားဖြင့်လည်းကောင်း၊ အဓမ္မအမှုအားဖြင့်လည်းကောင်း ပြည်ကို ညစ်ညူးစေပြီ။
အကြောင်းမူကား စိတ်နှလုံးကို ယစ်မူးစေတတ်သော ကာမဂုဏ်၌ ပျော်မွေ့ခြင်း၊ စပျစ်ရည်နှင့် သေရည်သေရက်ကို သောက်ခြင်း၌ မှီဝဲသောကြောင့် ထာဝရဘုရားကို စွန့်ပစ်ကြပြီ။
ဣသရေလအမျိုးသားတို့သည် ရှိတ္တိမ်အရပ်၌ နေသောအခါ၊ အချို့တို့သည် မောဘမိန်းမတို့နှင့် မတရားသောမေထုန်ကိုပြုကြ၏။
ထိုသူအချို့တို့သည် ရုပ်တုကို ကိုးကွယ်သကဲ့သို့ မကိုးကွယ်ကြနှင့်။ ထိုသူအချို့တို့သည် မတရားသော မေထုန်အမှုကိုပြု၍ တစ်နေ့ချင်းတွင် လူနှစ်သောင်း သုံးထောင်လဲ၍သေသကဲ့သို့ မပြုဘဲ၊ မတရားသော မေထုန်ကိုရှောင်ကြကုန်အံ့။-