Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 23:18

Judson Bible

အ​ကယ်​စင်​စစ် အ​မှု​ဆုံး​ဖြတ်​ချိန်​သည် ရောက်​လိမ့်​မည်။ သင့်​မျှော်​လင့်​ခြင်း​အ​ကြောင်း မ​ပျက်​ရာ။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

တ​ရား​တော်​အား​ဖြင့် ကိုယ်​တော်၏​ကျွန်​သည် သ​တိ​ရ၍၊ တ​ရား​စောင့်​ခြင်း​အ​ကျိုး​သည် ကြီး​လှ​ပါ၏။

စုံ​လင်​ခြင်း​တ​ရား​ကို စောင့်​ရှောက်​လော့။ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ကြည့်​ရှု​ဆင်​ခြင်​လော့။ ထို​သို့​ပြု​သော​သူ​သည် အ​ဆုံး၌ ငြိမ်​သက်​ခြင်း​ကို ခံ​စား​ရ​လိမ့်​မည်။

သူ​တစ်​ပါး​က​လည်း၊ ဖြောင့်​မတ်​သော​သူ​သည် အ​ကျိုး​ကို ဧ​ကန်​အ​မှန်​ခံ​ရ၏။ မြေ​ကြီး​ပေါ်​မှာ တ​ရား​စီ​ရင်​သော ဘု​ရား​သ​ခင်​သည် ဧ​ကန်​အ​မှန်​ရှိ​တော်​မူ​သည်​ဟု ဝန်​ခံ​ကြ​ပါ​လိမ့်​မည်။

ငတ်​မွတ်​သော သူ​တို့​ကို အ​စဉ်​မေ့​လျော့​တော်​မ​မူ။ ဆင်း​ရဲ​သော​သူ​တို့​သည် မျှော်​လင့်၍​မ​ရ​ဘဲ အ​စဉ်​မ​နေ​ရ​ကြ။

ထို​အ​တူ၊ သင်​တွေ့​ရ​သော ပ​ညာ​တ​ရား​သည် စိတ်​ဝိ​ညာဉ်၌ အ​ရ​သာ​နှင့် ပြည့်​စုံ၍၊ သင်​သည် မျှော်​လင့်​ခြင်း​အ​ကြောင်း​မ​ပျက်၊ ကောင်း​သော​အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ မ​တ​ရား​သော​သူ​သည် အ​ကျိုး​ကို​မ​ရ။ အ​ဓ​မ္မ​လူ၏​မီး​ခွက်​သည် သေ​လိမ့်​မည်။

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်​တို့​ကို အ​ကျိုး​နည်း​စေ​ခြင်း​ငှာ ကြံ​စည်​သော​အ​ကြံ​မ​ဟုတ်​ဘဲ၊ သင်​တို့​သည် မျှော်​လင့်​သော​အ​ကျိုး​ကို​ရ​မည်​အ​ကြောင်း၊ ငြိမ်​ဝပ်​စေ​ခြင်း​ငှာ​သာ၊ သင်​တို့​အ​ဖို့ ကြံ​စည်​သော အ​ကြံ​တို့​ကို ငါ​သိ၏။

အာ​ဗြ​ဟံ​က​လည်း၊ ငါ့​သား၊ သင်​သည် အ​သက်​ရှင်​စဉ်​အ​ခါ ချမ်း​သာ​ရ​သည်​ကို​လည်း​ကောင်း၊ လာ​ဇ​ရု​သည် ဆင်း​ရဲ​စွာ နေ​ရ​သည်​ကို​လည်း​ကောင်း အောက်​မေ့​လော့။ ယ​ခု​မူ​ကား၊ သူ​သည် သက်​သာ​ခြင်း​ရှိ၏။ သင်​သည် ဒု​က္ခ​ဝေ​ဒ​နာ​ကို ခံ​ရ၏။-

ထို​ကြောင့်၊ ကြီး​စွာ​သော​အ​ကျိုး​နှင့်​ယှဉ်​သော သင်​တို့၏ ရဲ​ရင့်​ခြင်း​စိတ်​ကို မ​စွန့်​ကြ​နှင့်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ