Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 23:10

Judson Bible

အ​ရင်​စိုက်​သော မြေ​မှတ်​တိုင်​ကို မ​ရွှေ့​နှင့်။ မိ​ဘ​မ​ရှိ​သော​သူ​တို့၏ လယ်​ကို​မ​သိမ်း​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

သင်​သည် မု​ဆိုး​မ​တို့​ကို လက်​ချည်း​လွှတ်​လိုက်၍၊ မိ​ဘ​မ​ရှိ​သော သူ​ငယ်​တို့၏​လက်​ကို ချိုး​ပြီ။

အ​ဘ​မ​ရှိ​သော​သူ​ငယ်​သည် အ​မိ​နို့​နှင့်​ကွာ​ရ၏။ ဆင်း​ရဲ​သား​သည် မိ​မိ​ဥ​စ္စာ​ကို ပေါင်​ထား​ရ၏။

အ​ကယ်၍​သင်​တို့​သည် မိ​ဘ​မ​ရှိ​သော​သူ​ငယ်​ကို နှိပ်​စက်​ကြ၏။ အ​ဆွေ​ခင်​ပွန်း​ဖို့ တွင်း​ကို​တူး​ကြ၏။

မု​ဆိုး​မ​နှင့် ဧည့်​သည်​ကို​လည်း​ကောင်း၊ မိ​ဘ​မ​ရှိ​သော သူ​ငယ်​ကို​လည်း​ကောင်း သတ်​ကြ​ပါ၏။

မိ​ဘ​မ​ရှိ​သော​သူ​ငယ်​နှင့် မု​ဆိုး​မ​ကို သင်​တို့​သည်​မ​နှောင့်​ယှက်​ရ။

မာ​န​ထောင်​လွှား​သော​သူ၏​အိမ်​ကို ထာ​ဝ​ရ​ဘု​ရား​ဖျက်​ဆီး​တော်​မူ​မည်။ မု​ဆိုး​မ​နေ​ရာ အ​ရပ်​ကို​ကား၊ တည်​စေ​တော်​မူ​မည်။

ဘိုး​ဘေး​စိုက်​ဖူး​သော မြေ​မှတ်​တိုင်​တို့​ကို မ​ရွှေ့​နှင့်။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ တ​ရား​သ​ဖြင့် စီ​ရင်၍ ဖြောင့်​မတ်​စွာ ဆုံး​ဖြတ်​ကြ​လော့။ လု​ယူ​ခြင်း​ခံ​ရ​သော သူ​ကို ညှဉ်း​ဆဲ​သော​သူ၏​လက်​မှ ကယ်​နုတ်​ကြ​လော့။ ဧည့်​သည်​ဖြစ်​သော​သူ၊ မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ​တို့​ကို မ​တ​ရား​သ​ဖြင့်​မ​ပြု၊ မ​ညှဉ်း​ဆဲ​ကြ​နှင့်။ အ​ပြစ်​မ​ရှိ​သော​သူ​တို့​ကို ဤ​အ​ရပ်၌ မ​ကွပ်​မျက်​ကြ​နှင့်။

သင်​တို့​ဘာ​သာ​ဓ​လေ့​နှင့် သင်​တို့​အ​ကျင့်​များ​တို့​ကို စုံ​လင်​စွာ ပြု​ပြင်​လျှင်​လည်း​ကောင်း၊ အ​မှု​သည်​ချင်း​တို့​ကို သေ​ချာ​စွာ တ​ရား​သ​ဖြင့် စီ​ရင်​လျှင်​လည်း​ကောင်း၊

ဧည့်​သည်​အာ​ဂ​န္တု၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်၊ မု​ဆိုး​မ​ကို မ​ညှဉ်း​ဆဲ၊ အ​ပြစ်​မ​ရှိ​သော​သူ၏​အ​သက်​ကို ဤ​အ​ရပ်၌ မ​သတ်၊ ကိုယ်​အ​ကျိုး​ကို ဖျက်၍ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို မ​ချဉ်း​ကပ်​ဘဲ​နေ​လျှင်​လည်း​ကောင်း၊

မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား၊ ဆင်း​ရဲ​သား​ကို မ​ညှဉ်း​ဆဲ​ကြ​နှင့်။ တစ်​ယောက်​ကို တစ်​ယောက် မ​ကောင်း​သော​အ​ကြံ​ကို မ​ကြံ​ကြ​နှင့်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော်​လည်း၊

သင်​တို့​ကို စစ်​ကြော​စီ​ရင်​ခြင်း​ငှာ ငါ​ချဉ်း​မည်။ ပြု​စား​တတ်​သော​သူ၊ သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ၊ မ​မှန်​သော ကျိန်​ဆို​ခြင်း​ကို ပြု​သော​သူ၊ သူ​ငှား​ကို အ​ခ​မ​ပေး ညှဉ်း​ဆဲ​သော​သူ၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်​နှင့် မု​ဆိုး​မ​ကို ညှဉ်း​ဆဲ​သော​သူ၊ ဧည့်​သည်​ကို မ​တ​ရား​သ​ဖြင့် စီ​ရင်​သော​သူ၊ ငါ့​ကို​မ​ကြောက်​ရွံ့​သော​သူ​တို့​တစ်​ဖက်၌ ငါ​သည် လျင်​မြန်​သော​သက်​သေ​ဖြစ်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား အ​ပိုင်​ပေး​တော်​မူ​သော​ပြည်​မှာ အ​မွေ​ခံ​ရာ​မြေ၌ ရှေး​လူ​ဟောင်း​တို့​သည် စိုက်​ထား​နှင့်​သော အိမ်​နီး​ချင်း၏ မြေ​မှတ်​တိုင်​ကို​မ​ရွှေ့​ရ။

အိမ်​နီး​ချင်း၏​မြေ​မှတ်​တိုင်​ကို ရွှေ့​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကျိန်​လျှင်၊ လူ​အ​ပေါင်း​တို့​က အာ​မင်​ဟု​ဝန်​ခံ​ရ​ကြ​မည်။

ခ​မည်း​တော်​ဘု​ရား​သ​ခင့်​ရှေ့၌ စင်​ကြယ်​သန့်​ရှင်း​သော သီ​လ​ဟူ​မူ​ကား၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်​တို့​နှင့် မု​ဆိုး​မ​တို့​သည် ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ၊ သူ​တို့​ကို ကြည့်​ရှု​ပြု​စု​ခြင်း၊ ကိုယ်​တိုင်​လည်း လော​ကီ​အ​ညစ်​အ​ကြေး​နှင့် ကင်း​စင်​အံ့​သော​ငှာ စောင့်​ရှောက်​ခြင်း​ပေ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ