Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 22:9

Judson Bible

က​ရု​ဏာ​မျက်​စိ​ရှိ​သော​သူ​သည် ဆင်း​ရဲ​သော​သူ​တို့​ကို ကျွေး​သော​ကြောင့် မင်္ဂ​လာ​ရှိ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

29 ပူးပေါင်းရင်းမြစ်များ  

သူ​သည် စွန့်​ကြဲ​ပြီ။ ဆင်း​ရဲ​သော​သူ​တို့​အား​ပေး​ကမ်း​ပြီ။ သူ၏​ဖြောင့်​မတ်​ခြင်း​သည် အ​စဉ်​အ​မြဲ တည်​တတ်၏။ သူ၏​ဦး​ချို​သည် ဂုဏ်​အ​သ​ရေ​နှင့် ချီး​မြှင့်​ခြင်း​ရှိ​လိမ့်​မည်။

သ​နား​တတ်​သော​သူ​သည် မိ​မိ​ကိုယ်၌​ကျေး​ဇူး​ပြု​တတ်၏။ ကြမ်း​ကြုတ်​သော​သူ​မူ​ကား၊ မိ​မိ​ကိုယ်​ကို​ပင် နှောင့်​ယှက်​တတ်၏။

စွန့်​ကြဲ​တတ်​သော​သူ​သည် ကြွယ်​ဝ​လိမ့်​မည်။ သူ​တစ်​ပါး​ကို ရေ​လောင်း​သော​သူ​သည် ကိုယ်​တိုင်​ရေ​လောင်း​ခြင်း​အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။

ကောင်း​သော​အ​ရာ​ကို ကြိုး​စား၍​ရှာ​သော​သူ​သည် ကျေး​ဇူး​ကို​ခံ​ရ​လိမ့်​မည်။ သူ့​အ​ကျိုး​ကို​ဖျက်​ခြင်း​ငှာ ရှာ​ကြံ​သော​သူ​မူ​ကား၊ ကိုယ်​အ​ကျိုး​ပျက်​ခြင်း​ရှိ​လိမ့်​မည်။

မိ​မိ​အိမ်​နီး​ချင်း​ကို မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည် အ​ပြစ်​ရှိ၏။ ဆင်း​ရဲ​သော​သူ​ကို သ​နား​သော​သူ​မူ​ကား၊ မင်္ဂ​လာ​ရှိ၏။

ဆင်း​ရဲ​သား​ကို သ​နား​သော​သူ​သည် ထာ​ဝ​ရ​ဘု​ရား​အား ချေး​ငှား​သော​သူ​ဖြစ်၍၊ သူ​ပြု​သော​အ​မှု၏​အ​ကျိုး​ကို ဆပ်​ပေး​တော်​မူ​လိမ့်​မည်။

ဆင်း​ရဲ​သော​သူ၏​အော်​ဟစ်​သံ​ကို မ​ကြား​လို၍၊ နား​ကို​ပိတ်​သော​သူ​သည် ကိုယ်​တိုင်​အော်​ဟစ်၍၊ အ​ဘယ်​သူ​မျှ မ​ကြား​ရ။

အ​ပြစ်​မ​ရှိ​ဟု​ဆို​လျက်၊ မိ​ဘ​ဥ​စ္စာ​ကို​လု​ယူ​သော​သူ​သည် ဖျက်​ဆီး​သော​သူ၏ အ​ပေါင်း​အ​ဖော်​ဖြစ်၏။

ဆင်း​ရဲ​သား​တို့​အား စွန့်​ကြဲ​သော​သူ​သည် ကိုယ်​တိုင်​မ​ဆင်း​ရဲ​ရာ။ လွှဲ​ရှောင်​သော​သူ​မူ​ကား၊ များ​စွာ​သော​ကျိန်​ဆဲ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

ဆင်း​ရဲ​သော​သူ​တို့​အား လက်​ကို​ဖြန့်၍၊ ငတ်​မွတ်​သော​သူ​တို့​အား လက်​ရုံး​ကို ဆန့်​တတ်၏။

စေ​တ​နာ​ရှိ​သော​သူ​မူ​ကား၊ စေ​တ​နာ​နှင့်​ဆိုင်​သော အ​ကြံ​တို့​ကို ကြံ​စည်​တတ်၏။ စေ​တ​နာ​နှင့်​ဆိုင်​သော အ​ရာ​အား​ဖြင့် တည်​ရ​လိမ့်​မည်။

ငါ​သည် ကိုယ်​ဥ​စ္စာ​ကို ပြု​လို​သ​မျှ​မ​ပြု​ရာ​သ​လော။ ငါ့​သ​ဘော​ကောင်း​သော​ကြောင့် သင်​သည် မျက်​မုန်း​ကြိုး​ရ​သ​လော​ဟု ဆို​လေ၏။-

သူ့​ဥ​စ္စာ​ကို ခိုး​ခြင်း၊ လော​ဘ​လွန်​ကျူး​ခြင်း၊ မ​နာ​လို​ခြင်း၊ လှည့်​စား​ခြင်း၊ ညစ်​ညူး​ခြင်း၊ ငြူ​စူ​ခြင်း၊ သူ့​အ​သ​ရေ​ကို ဖျက်​ခြင်း၊ ထောင်​လွှား​စော်​ကား​ခြင်း၊ လျှပ်​ပေါ်​ခြင်း၊-

သင်​သည် ပွဲ​ခံ​သော​အ​ခါ ဆင်း​ရဲ​သော​သူ၊ အင်္ဂါ​ချို့​တဲ့​သော​သူ၊ ခြေ​မ​စွမ်း​သော​သူ၊ မျက်​စိ​ကန်း​သော​သူ​များ​ကို ခေါ်​ဖိတ်​လော့။-

ထို​သို့​သင်​တို့​သည်​လည်း အ​လုပ်​လုပ်၍ အား​နည်း​သော သူ​တို့​ကို မ​စ​ရ​မည်​ကို​လည်း​ကောင်း၊ အ​စွန့်​အ​ကြဲ​ခံ​ခြင်း​အ​ရာ​ထက် စွန့်​ကြဲ​ခြင်း အ​ရာ​သည်​သာ၍ မင်္ဂ​လာ​ရှိ​သည်​ဟု သ​ခင်​ယေ​ရှု​မိန့်​တော်​မူ​သော စ​ကား​တော်​ကို အောက်​မေ့​ရ​မည်​ကို​လည်း​ကောင်း၊ အ​ရာ​ရာ၌ သင်​တို့​အား ငါ​ပြ​သ​ပြီ​ဟု၊-

သင့်​နေ​ရာ​မြို့​တို့​ကို ရန်​သူ​ဝိုင်း​ထား၍ ကျဉ်း​ကျပ်​စေ​သော​အ​ခါ၊ အ​လွန်​နူး​ညံ့​သိမ်​မွေ့​သ​ဖြင့် မြေ​ကို မ​နင်း​ဝံ့​သော​မိန်း​မ​သည်​လည်း၊ စား​စ​ရာ​အ​လျှင်း မ​ရှိ​သော​ကြောင့်၊ မိ​မိ​ရင်​ခွင်၌​ရှိ​သော လင်၊ မိ​မိ​သား​သ​မီး၊ မိ​မိ​ဝမ်း​ထဲ​က ထွက်​သော​အ​ချင်း၊ မိ​မိ​ဖွား​မြင်​သော သူ​ငယ်​တို့​ကို မ​နာ​လို​သော​စိတ်​ရှိ၍ မိ​မိ​သူ​ငယ်​ကို တိတ်​ဆိတ်​စွာ စား​ရ​လိမ့်​မည်။

ကျေး​ဇူး​ပြု​ခြင်း၊ ဥ​စ္စာ​ဝေ​မျှ​ခြင်း​အ​မှု​တို့​ကို မ​မေ့​မ​လျော့​ကြ​နှင့်။ ထို​သို့​သော​ယဇ်​ကို ဘု​ရား​သ​ခင်​သည် အား​ရ​နှစ်​သက်​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် သန့်​ရှင်း​သူ​တို့​ကို အ​ထက်​က လုပ်​ကျွေး​သည်​သာ​မ​က၊ ယ​ခု​ပင် လုပ်​ကျွေး​ခြင်း​အ​မှု​ကို​လည်း​ကောင်း၊ ထို​သို့​ပြု​သော​အား​ဖြင့် နာ​မ​တော်​ကို​ထောက်၍ ပြ​သော​မေ​တ္တာ​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​သည် မေ့​လျော့​သည်​တိုင်​အောင် အ​ဓ​မ္မ​အ​မှု​ကို ပြု​တော်​မူ​သည်​မ​ဟုတ်။-

မြည်​တမ်း​ခြင်း​မ​ရှိ​ဘဲ အ​ချင်း​ချင်း ဧည့်​သည်​ဝတ်​ကို ပြု​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ