Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 22:7

Judson Bible

ငွေ​ရ​တတ်​သော​သူ​သည် ဆင်း​ရဲ​သော​သူ​ကို အ​စိုး​ရ၏။ ချေး​ငှား​ယူ​သော​သူ​သည် ချေး​ငှား​ပေး​သော​သူ၌ ကျွန်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ပ​ရော​ဖက်​အ​မျိုး​သား၏ မ​ယား​တစ်​ယောက်​သည် ဧ​လိ​ရှဲ​ထံ​သို့​လာ၍၊ ကိုယ်​တော်​ကျွန်၊ ကျွန်​မ၏​ခင်​ပွန်း​သေ​ပါ​ပြီ၊ ကိုယ်​တော်​ကျွန်​သည် ထာ​ဝ​ရ​ဘု​ရား​ကို ရို​သေ​သော​သူ​ဖြစ်​သည်​ကို ကိုယ်​တော်​သိ​တော်​မူ၏။ ယ​ခု​မှာ ကြွေး​ရှင်​သည် ကျွန်​မ၏​သား​နှစ်​ယောက်​ကို ကျွန်​ခံ​စေ​ခြင်း​ငှာ​လာ​ပါ​ပြီ​ဟု ကြွေး​ကြော်​လေ၏။

ဆင်း​ရဲ​သား​တို့​ကို ညှဉ်း​ဆဲ​သော​သူ​သည် ဖန်​ဆင်း​တော်​မူ​သော​ဘု​ရား​ကို ကဲ့​ရဲ့၏။ ဘု​ရား​ကို​ရို​သေ​သော​သူ​မူ​ကား၊ ဆင်း​ရဲ​သော​သူ​တို့​ကို သ​နား​တတ်၏။

ဆင်း​ရဲ​သော​သူ​သည် တောင်း​ပန်​တတ်၏။ ငွေ​ရ​တတ်​သော​သူ​မူ​ကား၊ ကြမ်း​တမ်း​စွာ ပြန်​ပြော​တတ်၏။

ကိုယ်​စီး​ပွား​အ​ဖို့ ဆင်း​ရဲ​သား​တို့​ကို ညှဉ်း​ဆဲ​သော​သူ​နှင့်၊ ငွေ​ရ​တတ်​သော​သူ​တို့​အား ပေး​သော​သူ​သည် ဆင်း​ရဲ​ခြင်း​သို့ အ​မှန်​ရောက်​လိမ့်​မည်။

ဆင်း​ရဲ​သော​သူ၏​ဆင်း​ရဲ​ကို​ထောက်၍၊ သူ၏​ဥ​စ္စာ​ကို မ​လု​မ​ယူ​နှင့်။ ဒု​က္ခိ​တ​သ​တ္တ​ဝါ​ကို မြို့​တံ​ခါး​ဝ၌ မ​ညှဉ်း​ဆဲ​နှင့်။

ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​သည် ဆင်း​ရဲ​သား​ကဲ့​သို့​လည်း​ကောင်း၊ သ​ခင်​သည် ကျွန်​ကဲ့​သို့​လည်း​ကောင်း၊ သ​ခင်​မ​သည် ကျွန်​မ​ကဲ့​သို့​လည်း​ကောင်း၊ ရောင်း​သော​သူ​သည် ဝယ်​သော​သူ​ကဲ့​သို့​လည်း​ကောင်း၊ ကြွေး​ရှင်​သည် ကြွေး​တင်​သော​သူ​ကဲ့​သို့​လည်း​ကောင်း၊ အ​တိုး​စား​သော​သူ​သည် အ​တိုး​ပေး​သော သူ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ရ​လိမ့်​မည်။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သည် ဖြောင့်​မတ်​သော​သူ​ကို ငွေ​နှင့်​လည်း​ကောင်း၊ ဆင်း​ရဲ​သော​သူ​ကို ခြေ​နင်း​တစ်​ရံ​နှင့်​လည်း​ကောင်း ရောင်း​သော​အ​ပြစ်၊

ဆင်း​ရဲ​သော​သူ​တို့​ကို ညှဉ်း​ဆဲ​လျက်၊ ငတ်​မွတ်​သော​သူ​တို့​ကို နှိပ်​စက်​လျက်၊ မိ​မိ​သ​ခင်​တို့​အား ငါ​တို့​သောက်​ဖို့​ယူ​ခဲ့​ကြ​ဟု ဆို​တတ်​လျက်၊ ရှ​မာ​ရိ​တောင်​ပေါ်​မှာ​နေ​သော ဗာ​ရှန်​နွား​တို့၊ ဤ​စ​ကား​တော်​ကို နား​ထောင်​ကြ​လော့။

ငါ​တို့​သည် စ​ပါး​ကို ရောင်း​အံ့​သော​ငှာ လ​ဆန်း​နေ့​လွန်​ပါ​စေ၊ ဂျုံ​ကို ရောင်း​အံ့​သော​ငှာ ဥ​ပုသ်​နေ့ လွန်​ပါ​စေ​ဟု​ဆို​လျက်၊ ဧ​ဖာ​လေး​ကို ငယ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကျပ်​လေး​ကို ကြီး​စေ​ခြင်း​ငှာ​လည်း​ကောင်း လုပ်၍၊ စဉ်း​လဲ​သော ချိန်​ခွင်​ကို သုံး​လျက် ဆင်း​ရဲ​သော​သူ​ကို ငွေ​နှင့်​လည်း​ကောင်း၊ ငတ်​မွတ်​သော​သူ​ကို ခြေ​နင်း​တစ်​ရံ​နှင့်​လည်း​ကောင်း ဝယ်၍၊ ညံ့​သော​ဂျုံ​ဆန်​ကို​ရောင်း​လျက်၊ ငတ်​မွတ်​သော သူ​တို့​ကို နှိပ်​နင်း၍ ဆင်း​ရဲ​သော ပြည်​သား​တို့​ကို ဖြတ်​ခြင်း​ငှာ အ​လွန်​အ​လို​ကြီး​သော​သူ​တို့၊ ဤ​စ​ကား​ကို နား​ထောင်​ကြ​လော့။

ထို​သူ​သည် ကြွေး​ဆပ်​ရန်​မ​ရှိ​သော​ကြောင့်၊ ကိုယ်​မှ​စ၍ သား​မ​ယား​ဥ​စ္စာ​ရှိ​သ​မျှ​တို့​ကို​ရောင်း၍ ကြွေး​ကို​ဆပ်​စေ​ဟု သူ၏​သ​ခင်​စီ​ရင်၏။-

သင်​တို့​သည် ဆင်း​ရဲ​သော​သူ​ကို မ​ထီ​မဲ့​မြင် ပြု​ကြ​သည်​တ​ကား။ ငွေ​ရ​တတ်​သော သူ​တို့​သည် သင်​တို့​ကို ညှဉ်း​ဆဲ​နှိပ်​စက်​ကြ​သည် မ​ဟုတ်​လော။ တ​ရား​ပ​လ္လင်​ရှေ့​သို့ ဆွဲ​ငင်​ကြ​သည်​မ​ဟုတ်​လော။-

အ​ချင်း​သူ​ဌေး၊ သူ​ကြွယ်​တို့၊ ယ​ခု​လာ​ကြ၊ သင်​တို့​အ​ပေါ်၌ ရောက်​လ​တ္တံ့​သော ဆင်း​ရဲ​ဒု​က္ခ​ဝေ​ဒ​နာ​ကြောင့် ငို​ကြွေး​အော်​ဟစ်​ကြ။-

နား​ထောင်​ကြ။ သင်​တို့​လယ်​ကွက်၌ ရိတ်​သော​သူ​တို့​ကို လှည့်​စား၍၊ အ​ခ​မ​ပေး​ဘဲ​နေ​သော​ကြောင့်၊ ထို​အ​ခ​သည် ကြွေး​ကြော်​လေ၏။ ရိတ်​သော​သူ​တို့၏ အော်​ဟစ်​ခြင်း​အ​သံ​သည်​လည်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ နား​တော်​ထဲ​သို့​ဝင်​လေ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ