Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 22:5

Judson Bible

သ​ဘော​ကောက်​သော​လူ​သွား​ရာ​လမ်း၌၊ ဆူး​ပင်​များ​နှင့် ကျော့​ကွင်း​များ ရှိ​တတ်၏။ မိ​မိ​စိတ်​ဝိ​ညာဉ်​ကို စောင့်​ရှောက်​သော​သူ​မူ​ကား ဝေး​စွာ​ရှောင်​သွား​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ပိုက်​ထဲ​သို့ အ​လို​လို​ဝင်​တတ်၏။ ကျော့​ကွင်း​ပေါ်​မှာ နင်း​တတ်၏။

မ​တ​ရား​သော​သူ​တို့​အ​ပေါ်​မှာ တောက်​သော​မီး​ခဲ၊ ကန့်​နှင့်​ရော​သော​မီး​လျှံ၊ ပူ​လောင်​သော မုန်​တိုင်း​ကို​သက်​ရောက်​စေ၍၊ သူ​တို့​သောက်​စ​ရာ​ဖို့ စီ​ရင်​တော်​မူ​မည်။

အ​မြင့်​ဆုံး​သော​ဘု​ရား၏ ကွယ်​ကာ​ရာ​ဌာ​န​တော်၌ နေ​သော​သူ​သည် အ​န​န္တ​တန်​ခိုး​ရှင်၏ အ​ရိပ်​ကို​ခို​ရ​လိမ့်​မည်။

ကောင်း​သော​ဉာဏ်​ရှိ​သော​သူ​သည် မျက်​နှာ​ရ​တတ်၏။ ပြစ်​မှား​သော​သူ​တို့ လမ်း​မူ​ကား၊ ခက်​သော​လမ်း​ဖြစ်၏။

မိ​မိ​နှုတ်​ကို​စောင့်​သော​သူ​သည် မိ​မိ​အ​သက်​ကို​စောင့်၏။ မိ​မိ​နှုတ်​ကို​ကျယ်​ကျယ်​ဖွင့်​သော​သူ​မူ​ကား၊ ပျက်​စီး​ခြင်း​သို့ ရောက်​တတ်၏။

ပျင်း​ရိ​သော​သူ သွား​ရာ​လမ်း၌ ဆူး​ပင်​ဆီး​ကာ​လျက်​ရှိ၏။ ဖြောင့်​မတ်​သော​သူ သွား​ရာ​လမ်း​မူ​ကား၊ မို့​မောက်​လျက်​ရှိ၏။

ဖြောင့်​မတ်​သော​သူ​လိုက်​သော​လမ်း​မူ​ကား၊ ဒု​စ​ရိုက်​ကို ရှောင်​ခြင်း​တည်း။ ထို​လမ်း​မှ​မ​လွှဲ​ဘဲ အ​မြဲ​လိုက်​သော​သူ​သည် မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို စောင့်​တတ်၏။

ပ​ညတ်​တ​ရား​ကို စောင့်​သော​သူ​သည် မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို စောင့်​ရာ​ရောက်၏။ မိ​မိ​သွား​ရာ​လမ်း​တို့​ကို မ​ထီ​လေး​စား ပြု​သော​သူ​မူ​ကား၊ အ​သေ​ခံ​ရ၏။

စိတ်​နှိမ့်​ချ​ခြင်း၊ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း​ကျေး​ဇူး​ကြောင့် စည်း​စိမ်၊ ဂုဏ်​အ​သ​ရေ၊ အ​သက်​ကို ရ​တတ်၏။

အ​ဓ​မ္မ​လူ​ပြစ်​မှား​ရာ၌ ကျော့​ကွင်း​ထောင်​လျက်​ရှိ၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ ရွှင်​လန်း​စွာ သီ​ချင်း​ဆို​တတ်၏။

မ​တ​ရား​သော​သူ​တို့၏​လမ်း​မူ​ကား၊ မှောင်​မိုက်​ကဲ့​သို့​ဖြစ်၍၊ သူ​တို့​သည် လဲ​သော​အ​ခါ၊ အ​ဘယ်​အ​ရာ​ကို တိုက်​မိ​သည်​ဟု မ​သိ​ရ​ကြ။

သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် နောက်​တစ်​ဖန် ဤ​လူ​မျိုး​တို့​ကို သင်​တို့​ရှေ့​မှ နှင်​ထုတ်​တော်​မ​မူ။ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ၍ ကောင်း​မွန်​သော​ဤ​ပြည်၌ သင်​တို့​သည် မ​ပျောက်​မ​ပျက်​မီ​တိုင်​အောင် သူ​တို့​သည် သင်​တို့၌​ကျော့​ကွင်း၊ ထောင်​ချောက်၊ သင်​တို့​နံ​စောင်၌ နှင်​တံ၊ သင်​တို့​မျက်​စိ၌ ဆူး​ဖြစ်​ကြ​လိမ့်​မည်​အ​ကြောင်း​ကို ဧ​ကန်​အ​မှန် သိ​မှတ်​ကြ​လော့။

ဘု​ရား​သ​ခင်၏​သား​ဖြစ်​သ​မျှ​သော သူ​တို့​သည် ဒု​စ​ရိုက်​ကို​မ​ပြု​တတ်​သည်​ကို ငါ​တို့​သိ​ကြ၏။ ဘု​ရား​သ​ခင် ဖြစ်​ဖွား​စေ​တော်​မူ​သော​သူ​သည်၊ မိ​မိ​ကို​မိ​မိ စောင့်​ရှောက်​သ​ဖြင့်၊ မာရ်​နတ်​သည် ထို​သူ​ကို မ​ထိ​မ​ခိုက်​နိုင်​ရာ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ