ဘိုးဘေးစိုက်ဖူးသော မြေမှတ်တိုင်တို့ကို မရွှေ့နှင့်။
အချို့သောသူတို့သည် မြေမှတ်တိုင်တို့ကို ရွှေ့တတ်ကြ၏။ သူတစ်ပါး၏သိုးဆိတ်တို့ကို လုယူ၍ ကိုယ်အဖို့ ထိန်းကျောင်းကြ၏။
အရင်စိုက်သော မြေမှတ်တိုင်ကို မရွှေ့နှင့်။ မိဘမရှိသောသူတို့၏ လယ်ကိုမသိမ်းနှင့်။
အို မတရားသောသူ၊ ဖြောင့်မတ်သောသူ၏အိမ်ကို ချောင်း၍မကြည့်နှင့်။ သူ၏ ငြိမ်ဝပ်ရာအရပ်ကို မဖျက်နှင့်။
သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အား အပိုင်ပေးတော်မူသောပြည်မှာ အမွေခံရာမြေ၌ ရှေးလူဟောင်းတို့သည် စိုက်ထားနှင့်သော အိမ်နီးချင်း၏ မြေမှတ်တိုင်ကိုမရွှေ့ရ။
အိမ်နီးချင်း၏မြေမှတ်တိုင်ကို ရွှေ့သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်။