လိုက်လျှင် သူ၏ထုံးစံဓလေ့တို့ကို သင်၍၊ ကိုယ်အသက်ကျော့မိရာဖြစ်လိမ့်မည်။
သူတို့နှင့်ရောနှော၍ သူတို့၏ဘာသာဓလေ့ကို သင်ကြ၏။
ပညာရှိတို့နှင့် ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဖော်သောသူမူကား၊ ပျက်စီးတတ်၏။
အဓမ္မလူတို့ လမ်းထဲသို့ မဝင်နှင့်။ ဆိုးယုတ်သောသူတို့နှင့်အတူ မလိုက်နှင့်။
အလွဲမယူကြနှင့်။ မကောင်းသော သူတို့နှင့် ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ ယိုယွင်းတတ်၏။-
သူတို့ထုသော ရုပ်တုဆင်းတုဘုရားများကို မီးရှို့ရမည်။ ရုပ်တုဆင်းတု၌ပါသော ရွှေငွေကို မတပ်မက်ရ၊ မသိမ်းမယူရ။ ယူလျှင် အပြစ်ရောက်မည်ဟု စိုးရိမ်စရာရှိ၏။ သင်၏ဘုရားသခင်ထာဝရဘုရားသည် စက်ဆုပ်ရွံရှာတော်မူ၏။