Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 22:22

Judson Bible

ဆင်း​ရဲ​သော​သူ၏​ဆင်း​ရဲ​ကို​ထောက်၍၊ သူ၏​ဥ​စ္စာ​ကို မ​လု​မ​ယူ​နှင့်။ ဒု​က္ခိ​တ​သ​တ္တ​ဝါ​ကို မြို့​တံ​ခါး​ဝ၌ မ​ညှဉ်း​ဆဲ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် ဆင်း​ရဲ​သား​တောင့်​တ​သော​အ​ရာ​ကို မ​ပေး​ဘဲ​နေ​ဖူး​သ​လော။ မု​ဆိုး​မ​မျက်​စိ​ကို ပျက်​စေ​ခြင်း​ငှာ ပြု​ဖူး​သ​လော။

ရုံး​တော်​တွင် ငါ့​ဘက်၌ နေ​သော​မင်း​ကို ငါ​သည်​မြင်၍၊ မိ​ဘ​မ​ရှိ​သော​သူ​ကို ညှဉ်း​ဆဲ​မိ​သော်​လည်း​ကောင်း၊

ဆင်း​ရဲ​သော​သူ​ဘက်​၌​လည်း မ​ငဲ့​ကွက်​ရ။

သင်၌ ဆင်း​ရဲ​သော​သူ​သည် တ​ရား​တွေ့​သော​အ​ခါ၊ သူ့​ကို မ​တ​ရား​သ​ဖြင့်​မ​စီ​ရင်​ရ။

မ​တ​ရား​သော​သူ​တို့​သည် တ​ရား​သ​ဖြင့် မ​စီ​ရင်​လို​သော​ကြောင့်၊ မိ​မိ​ညှဉ်း​ဆဲ​ခြင်း​အ​ပြစ်​သည် မိ​မိ​ကို ဖျက်​ဆီး​လိမ့်​မည်။

ကိုယ်​စီး​ပွား​အ​ဖို့ ဆင်း​ရဲ​သား​တို့​ကို ညှဉ်း​ဆဲ​သော​သူ​နှင့်၊ ငွေ​ရ​တတ်​သော​သူ​တို့​အား ပေး​သော​သူ​သည် ဆင်း​ရဲ​ခြင်း​သို့ အ​မှန်​ရောက်​လိမ့်​မည်။

ငါ၏​လူ​မျိုး​တွင် ဆင်း​ရဲ​သား​တို့၏​အ​ခွင့်​အ​ရာ​ကို ရုပ်​သိမ်း​ခြင်း​ငှာ​လည်း​ကောင်း၊ မု​ဆိုး​မ​တို့​ကို ညှဉ်း​ဆဲ၍၊ မိ​ဘ​မ​ရှိ​သော​သူ​တို့၏​ဥ​စ္စာ​ကို လု​ယူ​ခြင်း​ငှာ​လည်း​ကောင်း၊ မ​တ​ရား​သ​ဖြင့် စီ​ရင်​သော​သူ၊ ကျပ်​တည်း​စွာ​သော မှတ်​ချက်​ကို မှတ်​သား​သော စာ​ရေး​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။

ပြည်​သူ​ပြည်​သား​တို့​သည်​လည်း ညှဉ်း​ဆဲ​ခြင်း၊ ဓား​ပြ​တိုက်​ခြင်း၊ ဆင်း​ရဲ​ငတ်​မွတ်​သော​သူ​တို့​ကို နှိပ်​စက်​ခြင်း၊ တစ်​ပါး​အ​မျိုး​သား​တို့​အား မ​တ​ရား​သ​ဖြင့် ညှဉ်း​ဆဲ​ခြင်း​ကို ပြု​ကြ၏။

ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏​ဥ​စ္စာ​ကို မ​တ​ရား​သ​ဖြင့်​မ​သိမ်း​ရ။ အ​နိုင်​အ​ထက်​ပြု၍ မ​ယူ​ရ။ သူ​ငှား​ခံ​ထိုက်​သော​အ​ခ​ကို တစ်​ည​လုံး​နံ​နက်​တိုင်​အောင် မ​ထား​ရ။

သင်​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက် မ​ညှဉ်း​ဆဲ​ရ။ သင်​တို့၏ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ရ​မည်။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ဖြစ်၏။

မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား၊ ဆင်း​ရဲ​သား​ကို မ​ညှဉ်း​ဆဲ​ကြ​နှင့်။ တစ်​ယောက်​ကို တစ်​ယောက် မ​ကောင်း​သော​အ​ကြံ​ကို မ​ကြံ​ကြ​နှင့်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော်​လည်း၊

သင်​တို့​ကို စစ်​ကြော​စီ​ရင်​ခြင်း​ငှာ ငါ​ချဉ်း​မည်။ ပြု​စား​တတ်​သော​သူ၊ သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ၊ မ​မှန်​သော ကျိန်​ဆို​ခြင်း​ကို ပြု​သော​သူ၊ သူ​ငှား​ကို အ​ခ​မ​ပေး ညှဉ်း​ဆဲ​သော​သူ၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်​နှင့် မု​ဆိုး​မ​ကို ညှဉ်း​ဆဲ​သော​သူ၊ ဧည့်​သည်​ကို မ​တ​ရား​သ​ဖြင့် စီ​ရင်​သော​သူ၊ ငါ့​ကို​မ​ကြောက်​ရွံ့​သော​သူ​တို့​တစ်​ဖက်၌ ငါ​သည် လျင်​မြန်​သော​သက်​သေ​ဖြစ်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​ကျွန်​သည် အ​လို​အ​လျောက်​နေ​ချင်​သော အ​ရပ်၊ သင့်​နေ​ရာ​မြို့ တစ်​စုံ​တစ်​မြို့၌ သင့်​ထံ​မှာ​နေ​ရ​သော အ​ခွင့်​ရှိ၏။ သူ့​ကို မ​ညှဉ်း​ဆဲ​ရ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ