Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 22:16

Judson Bible

ကိုယ်​စီး​ပွား​အ​ဖို့ ဆင်း​ရဲ​သား​တို့​ကို ညှဉ်း​ဆဲ​သော​သူ​နှင့်၊ ငွေ​ရ​တတ်​သော​သူ​တို့​အား ပေး​သော​သူ​သည် ဆင်း​ရဲ​ခြင်း​သို့ အ​မှန်​ရောက်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ဆင်း​ရဲ​သော​သူ​သည် ခံ​ရ​သော​ညှဉ်း​ဆဲ​ခြင်း၊ ငတ်​မွတ်​သော​သူ၏ ငို​ကြွေး​ခြင်း​ကြောင့် ယ​ခု​ငါ​ထ​မည်။ ကဲ့​ရဲ့​ခြင်း​ကို ခံ​ရ​သော​သူ​အား ချမ်း​သာ​ပေး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

ဆင်း​ရဲ​သား​တို့​ကို ညှဉ်း​ဆဲ​သော​သူ​သည် ဖန်​ဆင်း​တော်​မူ​သော​ဘု​ရား​ကို ကဲ့​ရဲ့၏။ ဘု​ရား​ကို​ရို​သေ​သော​သူ​မူ​ကား၊ ဆင်း​ရဲ​သော​သူ​တို့​ကို သ​နား​တတ်၏။

ငွေ​ရ​တတ်​ခြင်း​ငှာ အ​လျင်​အ​မြန်​ပြု​သော​သူ​သည် မ​နာ​လို​သော​သ​ဘော​ရှိ​တတ်၏။ နောက်​တစ်​ဖန် ဆင်း​ရဲ​ခြင်း​သို့ ရောက်​မည်​ဟု မ​အောက်​မေ့​တတ်။

ဆင်း​ရဲ​သား​တို့​ကို ညှဉ်း​ဆဲ​သော​ဆင်း​ရဲ​သား​သည် အ​ဘယ်​စား​စ​ရာ​မျှ မ​ကြွင်း​စေ​ဘဲ၊ သုတ်​သင်​ပယ်​ရှင်း​သော မိုး​ရေ​နှင့်​တူ၏။

ကျေး​ရွာ၌ ဆင်း​ရဲ​သား​တို့​ကို ညှဉ်း​ဆဲ​ခြင်း၊ တ​ရား​လမ်း​မှ​လွှဲ၍၊ မ​တ​ရား​သ​ဖြင့် အ​နိုင်​အ​ထက်​စီ​ရင်​ဆုံး​ဖြတ်​ခြင်း အ​မှု​ကို​မြင်​လျှင်၊ ထို​သို့​သော​အ​ကြံ​ရှိ​သည်​ကို အံ့​ဩ​ခြင်း​မ​ရှိ​နှင့်။ ကြီး​မြင့်​သော​သူ တစ်​ယောက်​ကို​တစ်​ယောက် ကြည့်​မှတ်​သ​ကဲ့​သို့၊ အ​ကြီး​ဆုံး၊ အ​မြင့်​ဆုံး​သော​သူ​သည် ကြည့်​မှတ်​လျက် ရှိ​တော်​မူ၏။

အို အ​ဘ​အာ​ဗြ​ဟံ၊ အ​ကျွန်ုပ်​ကို ကယ်​မ​သ​နား​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ဤ​မီး​လျှံ၌ ပြင်း​စွာ​ခံ​ရ​သော​ကြောင့်၊ လာ​ဇ​ရု​သည် မိ​မိ​လက်​ဖျား​ကို ရေ၌​နှစ်၍ အ​ကျွန်ုပ်​လျှာ​ကို အေး​စေ​ခြင်း​ငှာ သူ့​ကို အ​ကျွန်ုပ်​ရှိ​ရာ​သို့ စေ​လွှတ်​တော်​မူ​ပါ​ဟု ဟစ်​ကြော်​လေ၏။-

က​ရု​ဏာ​မ​ရှိ​သော​သူ​သည်၊ က​ရု​ဏာ​ကို​မ​ရ​ဘဲ၊ တ​ရား​စီ​ရင်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ က​ရု​ဏာ​သည် တ​ရား​စီ​ရင်​ခြင်း​ကို​အောင်၍ ဝါ​ကြွား​တတ်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ