Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 22:11

Judson Bible

စိတ်​နှ​လုံး​ဖြူ​စင်​ခြင်း​ကို နှစ်​သက်​သော​သူ​သည် လျောက်​ပတ်​သော​စ​ကား​ကို ပြော​တတ်၍၊ ရှင်​ဘု​ရင်​နှင့် မိတ်​ဆွေ​ဖွဲ့​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

နာ​သန်​သား​အာ​ဇ​ရိ​သည် ဝန်​စာ​ရေး​အုပ်​ဖြစ်၏။ နာ​သန်​သား​ဇာ​ဗုဒ်​သည် မင်း​သား​အ​ရာ​နှင့် တိုင်​ပင်​မတ်​ဖြစ်၏။

ယု​ဒ​အ​မျိုး​သား မော်​ဒ​ကဲ​သည် ရှင်​ဘု​ရင် အာ​ရွှေ​ရု​အောက်၌ အ​မြတ်​ဆုံး​သော​အ​ရာ​ကို​ရ၍ ယု​ဒ​လူ​တို့​တွင် ဘုန်း​ကြီး၏။ မိ​မိ​အ​မျိုး၏ အ​ကျိုး​စီး​ပွား​ကို ပြု​စု​လျက်၊ အ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​အား မင်္ဂ​လာ​စ​ကား​ကို​သာ ပြော​လျက်၊ မိ​မိ​အ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​တွင် မျက်​နှာ​ရ​သော​သူ ဖြစ်​သ​တည်း။ ဧ​သ​တာ​ဝ​တ္ထု​ပြီး၏။

သ​စ္စာ​ရှိ​သော ပြည်​သား​တို့​သည် ငါ့​ထံ​မှာ​နေ​မည်​အ​ကြောင်း သူ​တို့​ကို ငါ​ကြည့်​ရှု​မည်။ စုံ​လင်​သော​တ​ရား၌ ကျင်​လည်​သော​သူ​သည် ငါ၏​အ​မှု​ကို​ဆောင်​ရွက်​ရ​မည်။

သန့်​ရှင်း​သော​လက်​နှင့် ဖြူ​စင်​သော​နှ​လုံး​ရှိ​သော​သူ၊ မု​သား​ကို​မ​မှီ​ဝဲ မ​ဆည်း​ကပ်၊ မ​မှန်​သော​ကျိန်​ဆို​ခြင်း​ကို မ​ပြု​သော​သူ​သည်၊

ကိုယ်​တော်​သည် လူ​မျိုး​ထက်​အ​ဆင်း​လှ​ပါ၏။ နှုတ်​တော်​သည် ကျေး​ဇူး​စ​ကား​နှင့် ပြည့်​စုံ​ပါ၏။ ထို​ကြောင့် ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​ကို အ​စဉ်​အ​မြဲ​ကောင်း​ချီး​ပေး​တော်​မူ၏။

ပ​ညာ​ရှိ​သော​ကျွန်​အား ရှင်​ဘု​ရင်​သည် ကျေး​ဇူး​ပြု​တတ်၏။ အ​ရှက်​ခွဲ​တတ်​သော​ကျွန်​မူ​ကား၊ အ​မျက်​တော်​ကို ခံ​ရ​မည်။

ဖြောင့်​မတ်​သော​နှုတ်​ခမ်း​တို့​သည် ရှင်​ဘု​ရင် နှစ်​သက်​ရာ​ဖြစ်၏။ မှန်​ကန်​စွာ​ပြော​သော​သူ​ကို ရှင်​ဘု​ရင် ချစ်​တတ်၏။

ထာ​ဝ​ရ​ဘု​ရား၏​မျက်​စိ​တော်​သည် ပ​ညာ​အ​တတ်​ကို စောင့်၏။ ပြစ်​မှား​သော​သူ၏​စ​ကား​ကို​ကား ချေ​တော်​မူ၏။

ပ​ညာ​ရှိ​သော​သူ၏​စ​ကား​သည် လျောက်​ပတ်၏။ မိုက်​သော​သူ၏​နှုတ်​မူ​ကား သူ့​ကိုယ်​ကို​မျို​တတ်၏။

ဗာ​ဗု​လုန်​နိုင်​ငံ​တွင် ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့​ကို ချီး​မြှောက်​တော်​မူ၏။

စိတ်​နှ​လုံး​ဖြူ​စင်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို မြင်​ရ​ကြ​လ​တ္တံ့။-

ထို​သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​ဝန်​ခံ၍၊ တင့်​တယ်​လျောက်​ပတ်​သော နှုတ်​ထွက်​စ​ကား​ကို အံ့​ဩ​ချီး​မွမ်း​လျက်၊ ဤ​သူ​သည် ယော​သပ်၏​သား မ​ဟုတ်​တုံ​လော​ဟု ဆို​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ